Chapter 58

769 102 4
                                    

Unicode

ရှောင်ကျူးက ကုမျန် ခန်ယန်ယန်ကိုငှား‌မယ့် ရှစ်သန်းတန်စိန်လည်ဆွဲကို ပို့ပေးဖို့ ကိုယ်တိုင်ကိုယ်ကျကူညီခဲ့တယ်။ ဒီအရာက အရမ်းစျေးကြီးတယ်။ လမ်းတစ်ဝက်မှာ ပျောက်သွားခဲ့ရင် ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်။

ခန်ယန်ယန်က ပထမနေရာလည်း မလိုချင်နေပါဘူး။ သူမက ကုမျန်ကို သူမရဲ့သူငယ်ချင်းအဖြစ် မှတ်ယူထားလို့ ကုမျန်ကို အနက်ရောင် နာနတ်သီးအချို့က boycottလုပ်ကြတဲ့အခါ သူမကို ကူညီဖို့ ထွက်လာခဲ့ရုံပါပဲ။ ဒီအဖြစ်အပျက်က သူမရဲ့အမြင်မှာတော့ ကြီးကြီးမားမားမဟုတ်နေဘူး။

ကုမျန်ရဲ့လက်ဆောင်ကို သူမလက်မခံချင်ဘူး။ သူမအမြင်မှာတော့ သူငယ်ချင်းအချင်းချင်း ဘာလို့ ကျေးဇူးဆပ်သင့်တာလဲ။

ဒါပေမယ့် ရှောင်ကျူးက ပြောလာတယ်။ "မျန်းမျန်က ရှင့်ကို ငှားပေးရမယ်လို့ ပြောခဲ့တယ်၊ ဒါမှ ကော်ဇောနီပေါ်က မင်းရဲ့ရေပန်းစားမှုက ကျူးလီယဲ့ကို အနိုင်ယူနိုင်လိမ့်မယ်တဲ့"

ခန်ယန်ယန်ရဲ့အမူအရာက အနည်းငယ်ပြောင်းသွားပြီး "ဒါကို ကုရှောင်မျန်သိတာလား?"

ရှောင်ကျူးက ပခုံးတွန့်လိုက်ပြီး "မျန်းမျန်က ဖျော်ဖြေရေးနယ်ပယ်ထဲက အရာတွေကို လုံးဝ ဂရုမစိုက်ပေမယ့် ရှင်က လတ်တလောမှာ ကျူးလီယဲ့နဲ့ ရင်ဆိုင်နေရပြီး တော်တော်ဒုက္ခရောက်နေတယ်လေ သူမ မသိဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ"

ခန်ယန်ယန်က ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် သူမအတွက် ကြီးကြီးမားမားအရေးပါနေတဲ့ စိန်လည်ဆွဲကို လက်ခံလိုက်တယ်။

သူမ ကျူးလီယဲ့ကို မရှုံးချင်ပေ။

ထို့နောက်တော့ ခန်ယန်ယန်က ပျော်ရွှင်စွာနဲ့ ပြောဖို့ မမေ့ခဲ့ဘူး။"ကုရှောင်မျန်ကို ကျေးဇူးတင်လိုက်တာ ကော်ဇောနီပေါ်မှာ ကျူးလီယဲ့ကို ငါသေချာပေါက် နင်းချေပစ်မယ်၊ သူမရဲ့အပြုံးက ငိုတာထက်ကို ပိုရုပ်ဆိုးသွားစေရမယ်!"

ရှောင်ကျုးက စကားအများကြီးမပြောခဲ့ဘူး။ ပျော်ရွှင်နေတဲ့ ခန်ယန်ယန်နဲ့မတူဘဲ သူမက အခု အရမ်းကို စိတ်ဓာတ်ကျနေမိပြီ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now