Chapter 61

667 82 0
                                    

Unicode

၀မ့်ရှားက ကုမျန်ရဲ့ဗလာကျင်းနေတဲ့ လည်ပင်းကို မောက်မာစွာ စိုက်ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားတဲ့ သက်ပြင်းတစ်ချက်နဲ့အတူ ထိုင်လိုက်တယ်။

ကုမျန်မှာ နောက်ခံကြီးကြီးရှိတာကြောင့် လူတွေကိုစော်ကားမိမှာ မကြောက်ပဲ သူမပြောချင်တာပြောလို့ရနေတာလို့ သူမထင်ခဲ့တာ။ ဒါပေမယ့် သူမမှာ လည်ဆွဲတစ်ကုံးတောင်မရှိဘူးလို့ ဘယ်သူထင်မှာလဲ။

အဲ့ဒါအကုန်လုံးက အတုတွေလား။ ဒါမှမဟုတ် မောက်မောက်မာမာ ပြုမူဖို့ အားကောင်းတဲ့နောက်ခံ တကယ်ရှိတာလား။

၀မ့်ရှားက ကုမျန်ရဲ့မိသားစုနောက်ခံကို မသိခဲ့ဘူး။ ကုမျန်က ဖျော်ဖြေရေးနယ်ပယ်ထဲ ၀င်လာတာ မကြာသေးသလို သူမရဲ့မိသားစုနောက်ခံကို ဘယ်သူမှလည်း နက်နက်ရှိုင်းရှိုင်းမတူးဆွခဲ့ကြဘူး။၀မ့်ရှားက သူမမှာ နောက်ခံမရှိဘူးလို့ ထင်သွားတယ်။ သူမက သူမရဲ့လက်ကို နည်းနည်းပင့်လိုက်ပြီး ဆံပင်ကို သူမရဲ့နားရွက်နားတစ်ဝိုက် ထိုးသွင်းလိုက်ကာ သူမရဲ့လက်ကောက်ဝတ်ရှိ အရည်အသွေးကောင်းမွန်တဲ့ လက်ကောက်ကို ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မသိစိတ်ကနေ ကြွားဝါလိုက်တယ်။

ကုမျန်ရဲ့မျက်နှာအနေအထားက မတုန်မလှုပ်ပင်။

၀မ့်ရှားရဲ့ကလေးအကြောင်း စုံစမ်းဖို့ သူမရဲ့အေးဂျင့်ကို တောင်းဆိုထားတယ်။

သူမက သတင်းအချက်အလက်တွေကို သိပ်မသိဘူး။ အဆုံးမှာတော့ ၀မ့်ရှားရဲ့ ပထမဆုံးကလေးအကြောင်းက စာအုပ်ထဲမှာ သိပ်မပါခဲ့ဘူးလေ။ ကလေးက ခြောက်နှစ်ရှိပြီဆိုတာကိုပဲ သူမသိတယ်။ ၀မ့်ရှင်းယွမ်က သူ့နာမည်ပါ။

အချက်အလက်သိပ်မရှိပေမယ့်လည်း ဒီအချက်အလက်နှစ်ခုကတင် လုံလောက်တယ်။

အချက်အလက်တွေကိုရှာဖွေဖို့  အချိန်အနည်းငယ်ပိုယူရရုံလေးသာ။

ကုမျန်က နိုင်တာ၊ရှုံးတာကို အလေးအနက်မထားပေမယ့်လည်း ၀မ့်ရှားရဲ့ထပ်ခါတလဲလဲ ရန်စမှုတွေက သူမကို သည်းခံနိုင်စွမ်း ကုန်ဆုံးစေခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now