Chapter 63

759 90 1
                                    

Unicode

၀မ့်ရှားက ဘာဖြစ်နေမှန်းမသိလို့ ပါးစပ်ကိုဖွင့်လိုက်တယ်။

"မင်းက ငါမဟုတ်ဘူး ငါ ဘာမှမတုံ့ပြန်ဘူးလို့ မင်းဘယ်လိုသိတာလဲ"

လော့ချယ် ဘာကိုဆိုလိုတာလဲ။

ကုမျန်ကို သူ တုံ့ပြန်ခဲ့တာလား။

သူမဆီကနေ သတင်းပေါက်ကြားသွားမှာ သူ မကြောက်ဘူးလား။

ဒါပေမယ့် ၀မ့်ရှားက ပြန်စဉ်းစားကြည့်လိုက်တယ်။ သူမက ပြသနာဖြစ်မှာစိုးတာကြောင့် လော့ချယ်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို တကယ်ကြီး ပေါ့ပေါ့တန်တန် ထုတ်ဖော်ရဲခြင်းမရှိပေ။ သူမ ကုမျန်ကို နင်းခြေလို့ရပေမယ့်လည်း လော့ချယ်ကိုတော့ လုံးဝထိရဲမှာမဟုတ်ဘူး။

၀မ့်ရှားတွေးနေတုန်းမှာပဲ လော့ချယ်က သူ့ရဲ့အပေါ်အကျီအိတ်ကပ်ထဲက သေတ္တာကို ထုတ်ပြီး ဖွင့်လိုက်တယ်။ အထဲမှာရှိနေတာက ရှောင်ကျူး ကုမျန်ကို ယူလာပေးပေမယ့် သူမငြင်းပယ်လိုက်တဲ့ ပန်းရောင်စိန်လည်ဆွဲပင်။

သေတ္တာလေးကိုဖွင့်လိုက်တာနဲ့တပြိုင်နက် ဧရိယာတစ်ခုလုံးက တောက်ပသွားတယ်။(လည်ဆွဲထည့်ထားတာက boxလို့‌ရေးထားတော့ ဘူးလည်းဖြစ်ချင်ဖြစ်၊ သစ်သားသေတ္တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော် ၊ ဒါပေမယ့် တန်ဖိုးကြီးတာဆိုတော့ ကိုယ်မြင်ယောင်တာက ကနုတ်ဖော်ထားတဲ့ သစ်သားသေတ္တာမျိုး၊ ဒါကြောင့် သေတ္တာလို့သုံးထားပါတယ်)

တောက်ပနေတဲ့ပုလဲလေးတွေလိုပဲ။

ကုမျန်က မျက်တောင်ခတ်လိုက်ပြီး အနည်းငယ်မှင်သက်နေဆဲပင်။ နောက်တစ်စက္ကန့်မှာ လော့ချယ်က လည်ဆွဲကိုကောက်ယူလိုက်ပြီး သူမရဲ့လည်ပင်းပေါ်မှာ တိုက်ရိုက်၀တ်ဆင် ပေးလိုက်တယ်။

"ရှင်..." အေးစက်ပြီး နွေးထွေးတဲ့ခံစားချက်က ကုမျန်ရဲ့လည်ပင်းကို ဖြတ်သန်းသွားတယ်။

အအေးဓာတ်က စိန်တွေဆီကဖြစ်ပြီး အနွေးဓာတ်က သူမရဲ့လည်ပင်းနောက်ဘက်ရှိ လော့ချယ်ရဲ့‌လက်ချောင်းတွေဆီမှ ထွက်ပေါ်လာတာဖြစ်တယ်။

"လည်ဆွဲထည့်ထားတဲ့ သေတ္တာကို ကားထဲမှာ မင်း မေ့ခဲ့တယ်၊ ကိုယ်ဆင်းလာပြီး မင်းအတွက် ယူလာပေးတာ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now