Chapter 13

1.2K 175 4
                                    

Unicode

ဒါရိုက်တာက "ရှောင်ကု ၊ မင်းက အရမ်းတော်တဲ့ မင်းသမီးတစ်ယောက်ပါ ဇာတ်လမ်းတွဲထွက်တဲ့အချိန်ကျရင် ၀မ့်ရှားရဲ့ ပရိသတ်တွေက ဇာတ်ကောင်ပြောင်းလိုက်တဲ့ အကြောင်းရင်းကို နားလည်လိမ့်မယ်လို့ ငါယုံကြည်တယ်"

လက်ထောက်ဒါရိုက်တာက "ဒါရိုက်တာကျန်း၊ ဒီနေ့ ရှောင်ကုကို အားလပ်ရက်တစ်ရက်ပေးလိုက်ရင် ဘယ်လိုလဲ၊ ဒါဆို သူမရဲ့စိတ်အခြေအနေကို ပြန်ချိန်ညှိသွားနိုင်မယ်မလား?"

ဒါရိုက်တာ : "ကောင်းပြီ ကောင်းပြီ ရှောင်ကု မင်းကိုငါ ဒီနေ့တစ်ရက် အားလပ်ရက်ပေးမယ်"

ရလဒ်အနေနဲ့ စကားတစ်ခွန်းပြောဖို့တောင် အချိန်မရလိုက်တဲ့ကုမျန်က တစ်ရက်အနားရသွားတယ်။

ကုမျန်က မကန့်ကွက်လိုက်ဘူး။ မနက်က ပဲနို့တွေ အများကြီးသောက်လိုက်မိပြီး သန့်စင်ခန်းသွားချင်နေခဲ့တာ။ သူမ ရှောင်ကျူးကို ဒီ‌အကြောင်းပြောပြလိုက်ပြီး နှစ်ယောက်သား သန့်စင်ခန်းသွားခဲ့ကြတယ်။

နှစ်ယောက်သား အမျိုးသမီးသန့်စင်ခန်းရဲ့တံခါးကို ရောက်တာနဲ့ သူတို့ဘေးနားချုံပုတ်ထဲကနေ တစ်ယောက်ယောက် ခုန်ထွက်လာတယ်။

ပထမတော့ ရှောင်ကျူးက စက်ဆုပ်စရာကောင်းတဲ့ ချောင်းကြည့်ချင်တဲ့ယောက်ကျားတစ်ယောက်လို့ ထင်ခဲ့တာ။ သူမ အော်ဟစ်ပြီး တစ်ယောက်ယောက်ကို ဖုန်းခေါ်တော့မယ့်အချိန်မှာ အဲ့ဒီယောက်ျားက ကမန်းကတန်းပြောလာခဲ့တယ်။"မအော်နဲ့၊ မအော်နဲ့၊ ငါက Weekly Entertainment ရဲ့ သတင်းထောက်ပါ၊ မကောင်းတဲ့သူမဟုတ်ပါဘူး"

ရှောင်ကျူးက ထိုလူကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး"ရူးနေတာလား မိန်းကလေးသန့်စင်ခန်းရှေ့မှာ ဘာလို့ ပုန်းနေရတာလဲ၊ ရှင်က နှာဘူးလား"

သတင်းထောက်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ ဒီနေရာမှာ ဘယ်သူ့ကိုမဆို တားချင်ခဲ့တာမဟုတ်ပါဘူး ငါရောက်ပြီး သိပ်မကြာခင်မှာ မင်းနဲ့တွေ့မယ်လို့လည်း မမျှော်လင့်မိခဲ့ဘူးလေ"

ရှောင်ကျုးက ခဏလောက်တော့ အနည်းငယ် သတိထားနေလိုက်သေးတယ်။ သူမက ကုမျန်ကို သူမနောက်မှာ အကာအကွယ်ပေးထားပြီး သတင်းထောက်ကို စိတ်ပါလက်ပါ စိုက်ကြည့်လိုက်ကာ  ပြင်းပြင်းထန်ထန်မေးလိုက်တယ်။"ရှင်ဘာလိုချင်လဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now