Chapter 25

1.1K 147 0
                                    

Unicode

ဂိမ်းက နှစ်မိနစ်၊သုံးမိနစ်လောက်နဲ့ ပြီးသွားတယ်။

အိမ်ရှင်လော့ချယ်ကလွဲပြီး ကျန်တဲ့နှစ်ယောက်က ကတ်ကစားဖို့အခွင့်အရေး လုံးဝမရှိတော့တာကြောင့် မြေပြင်ပေါ် လဲကျသွားတော့တယ်။

ဂိမ်းထဲမှာ quick chatပို့လိုက်တဲ့သူတောင် ရှိသေးတယ်။ "မင်း ကောင်းကောင်းကစားခဲ့တာပဲ"

လော့ချယ်ရဲ့တွန့်ကုတ်‌နေတဲ့မျက်ခုံးတွေက ဆန့်တန်းသွားပြီး အပြုံးတစ်ပွင့်က သူ့မျက်လုံးအောက်ခြေမှာ စွန်းထင်းသွားတယ်။

တကယ်တော့ အဲ့ဒါက သူ ကောင်းကောင်းကစားခဲ့တာမဟုတ်ပဲ ကတ်တွေ ကောင်းလို့ပါ။

ကောင်းမွန်လွန်းလှတဲ့ကစားပွဲလေးကို ပထမဆုံးအကြိမ်အဖြစ် လော့ချယ်ခံစားဖူးတာပဲ။ ဒါ အရင်က သူတွေးတောင်မတွေးဖူးတဲ့ အရာပါ။

တစ်ချီပြီးသွားပြီနောက် သူနောက်ထပ်တစ်ကျော့ပြန်စချင်ရုံရှိသေးတယ်။ မြေပြင်ပေါ်ရှိအရိပ်က တစ်ခုခုမှားနေပုံရတာကို သူတွေ့ရှိသွားတယ်။

ပထမဆုံးအကြည့်တစ်ချက်နဲ့တင် အရိပ်က ရှင်းရှင်းလင်းလင်းကို လော့ကျစ်ယွီနဲ့မသက်ဆိုင်နေဘူး။

ဒါဆို အခုလေးတင်ဝင်လာတဲ့လူက လော့ကျစ်ယွီမဟုတ်ဘူးလား။

‌လော့ချယ်က မျက်၀န်းတွေကို ကျဉ်းမြောင်းလိုက်ပြီး သူ့ခေါင်းကို ချက်ချင်းလှည့်လိုက်တယ်။

နောက်တစ်စက္ကန့်မှာ သူ့အမြင်အာရုံထဲ၀င်လာတာက သူ့နောက်မှာ တိတ်တဆိတ်ရပ်နေပြီး ကတ်ကစားနေတဲ့သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ ကုမျန်ပါပဲ။

လော့ချယ်က သူအံ့အားသင့်သွားတာကို ခဏလောက် မဖုံးကွယ်ထားနိုင်ခဲ့ဘဲ "ကုမျန်?"

ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။ဒါက သူမတစ်ယောက်တည်း သူမရဲ့အမည်ခံချစ်သူနဲ့ အခန်းတစ်ခန်းထဲမှာ ပထမဆုံးအကြိမ် ရှိ‌နေဖူးတာဖြစ်ပြီး အနည်းငယ်စိတ်မသက်မသာဖြစ်မိတယ်။ မူလပိုင်ရှင်က လော့ချယ်ကို သဘောကျပြီး ဖွင့်ပြောဖို့ လက်ဦးမှုယူကာ သေဆုံးသွားခဲ့ရတယ်။သူမကိုယ်တိုင်အတွက်ကတော့ သူမမှာ သူ့အတွက် တကယ့်ကို အရမ်းပြင်းထန်တဲ့ခံစားချက်မျိုး မရှိဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now