Chapter 29

1K 161 0
                                    

Unicode

ဒီမက်ဆေ့ချ်က မမြင်နိုင်တဲ့ခလုတ်ကို ဖွင့်လိုက်သလိုပဲ။ အဲ့ဒီနောက်မှာ ပြင်ဆင်လာကြတဲ့ haterတွေက စတင်စုစည်းလိုက်ကြပြီး အစီအစဉ်အတိုင်း ကုမျန်ကို အပျက်သဘောဆောင်တဲ့စကားလုံးတွေ ထပ်ခါတလဲလဲ ပြောဆိုကြတော့တယ်။

"ကုမျန်၊ ပလပ်စတစ်ဆာဂျရီမ၊ အကြံအစည်များတဲ့ဟာမ၊ နည်းလမ်းမှန်သမျှသုံးတဲ့ ထိပ်သီးခွေးမ"

.......

ကုမျန်က အိမ်ထိန်းနဲ့ သူ့လက်ထောက်ရှောင်ကျူးကို ကိုင်တွယ်ဖို့ တစ်ချို့တစ်လေပေးခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ haterတွေ အရမ်းများနေပြီး သူမက အားလုံးကိုမဖြေရှင်းနိုင်ဘူးလေ။

ဒီလိုအခြေအနေမျိုးနဲ့ ကြုံရပေမယ့် ကုမျန်က အတော်လေးတည်ငြိမ်နေတယ်။ သူတို့တွေပို့တဲ့messageတွေကို သူမကြည့်လိုက်တော့ စာကြောင်းတွေထပ်နေသလို ခံစားရတယ်။ မူလပိုင်ရှင်က အဆုံးထိတစ်လျှောက်လုံး အကြီးအကျယ်ဝေဖန်ခံခဲ့ရတာကြောင့် အင်တာနက်သုံးစွဲသူတွေဆီကနေ ဝေဖန်တာခံရဖို့အတွက် ကုမျန်က စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်တယ်။

ဒါပေါ့၊ သူမက hot search လှိုင်းအနည်းငယ်ကနေတစ်ဆင့် ပရိသတ်တွေကို ဆွဲဆောင်နေနိုင်ဆဲဖြစ်ပေမယ့် အမာခံပရိတ်သတ်တွေတော့ မရှိသေးပါဘူး။ သူမအတွက် ပြောပေးတဲ့သူတွေ မရှိဘူး။ အများစုက ဖရဲသီးစားကြပြီး စောင့်ကြည့်နေကြတာ။

ဒါကြောင့် trolls ကောင်တွေက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ခနလောက်ကြာတဲ့ထိ ခုန်ပေါက်နေကြပြီး comment နေရာက အနည်းငယ်မီးခိုးလွှမ်းသွားတယ်။

ကုမျန်က လက်တစ်ဖက်နဲ့ မေးထောက်ထားတယ်။ သူမက အခြားသူတွေပို့တဲ့ ပုံမှန်comment‌ တွေကို မမြင်ရဘဲ trollsကောင်တွေကသာ ပို့နေတာကြောင့် စကားပြောလို့မရနေဘူးလေ။

သူမက တာ၀န်ကို စောစောစီးစီးပြီးအောင်လုပ်ချင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို အမြန်ပိတ်ချင်တာကြောင့်  အနည်းငယ်စိတ်မရှည်ဖြစ်လာခဲ့တယ်။

ကုမျန်က သူမရဲ့အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ယောက်ချင်းဆိုတဲ့အမူအရာနဲ့ “ရှင်တို့ ဒါကို ဆက်တိုက်လာပို့နေကြလို့ ကျွန်မရှင်းပြမယ် သေချာနားထောင်" ကုမျန်က သက်ပြင်းချလိုက်တယ်။"နံပတ်တစ်အချက် ကျွန်မ ဘာပလပ်စတစ်ဆာဂျရီတစ်ခုမှ မလုပ်ဖူးဘူး၊ ပလပ်စတစ်ဆာဂျရီလုပ်တာက အရမ်းနာကျင်ရတယ်တဲ့၊ ကျွန်မနာကျင်ရမှာကို ကြောက်တယ် ပြီးတော့ ကျွန်မက ဒီလိုသွင်ပြင်နဲ့ဆိုတော့ ပလပ်စတစ်ဆာဂျရီလုပ်ဖို့ လုံးဝမလိုအပ်ဘူး"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now