Chapter 45

989 137 1
                                    

Unicode

လော့ချယ်က ကုမျန်ရဲ့မီဒီယာနဲ့ အင်တာနက်အသုံးပြုသူများအပေါ် တုံ့ပြန်မှုကို တွေးမိသွားတယ်။ သူ့မျက်၀န်းထဲ အပြုံးတစ်ပွင့် ပေါ်လာပြီးနောက် ထိုအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။ သူက လက်မြှောက်ပြီး မျက်ခုံးတွေကို ဖျစ်ညှစ်လိုက်ရင်း "သူမက အရမ်းရိုးသားလွန်းတယ် အဲ့ဒါက လူတွေကို မကျေမနပ်ဖြစ်စေလောက်တယ် "

ကုကော်အန်းရဲ့အသက်မွေးဝမ်းကြောင်က လတ်တလောနှစ်တွေမှာ တိုးတက်လာပြီး ကုမိသားစုကလည်း ကြီးမားတဲ့မိသားစုဖြစ်လာခဲ့ပေမယ့်လည်း  နယ်ပယ်ထဲမှာဆိုရင်တော့ အကောင်းဆုံးမဟုတ်ပေ။ ကုမိသားစုကို စော်ကားနိုင်သူ တစ်ယောက်မှ မရှိတာမဟုတ်ပါဘူး။ ဒါက အကျိုးစီးပွားချင်း ပဋိပက္ခမရှိရုံမျှသာပင်။

ကုမျန်ရဲ့ရိုးသားတဲ့ ကိုယ်ရည်ကိုယ်သွေးကို တန်ဖိုးထားသူတွေက သူမကို သဘောကျကြပေမယ့်လည်း အဆုံးမှာတော့ သူမက ယွမ် (ငွေ) မဟုတ်တာကြောင့် လူတိုင်းက သူမကို သဘောကျရန် မဖြစ်နိုင်ပေ။ ဒါကြောင့် အချို့လူတွေဆို သူမရဲ့ကိုယ်ရည်ကိုယ်သွေးကို မနှစ်မြို့ခြင်း ဒါမှမဟုတ် မနာလိုခြင်းပင် ဖြစ်သွားနိုင်တယ်။ သူမ ဖြစ်ချင်တာကို လုပ်နိုင်ပြီး ပြောချင်တာပြောလို့ရကာ သူမစိတ်ကြိုက် အရာအားလုံးလုပ်လို့ရနေတာကို မနာလိုဖြစ်ကြလိမ့်မယ်။

လော့ကျစ်ယွီက တုံ့ဆိုင်းနေပြီး "ဘာပဲဖြစ်ဖြစ် မင်းရဲ့ကောင်မလေးက ကံကောင်းတဲ့သူလို့ ငါထင်တယ်၊ မင်းငါ့ကို မယုံရင် စောင့်ကြည့်နေလိုက်"

တစ်ဖက်မှာတော့ ရှောင်ကျူးက ကုမျန်ရဲ့နားထဲ တိုးတိုးလေးပြောလာတယ်။ "မျန်းမျန်၊ ပထမတော့ နင်နဲ့ လော့လောင်ရှီးမှာ တကယ်ကြီးတစ်ခုခုရှိနေတယ်လို့ ထင်ခဲ့ပေမဲ့ အခု ငါအဲ့လို မထင်‌တော့ဘူး"

ကုမျန်က သူမကို ထူးဆန်းစွာ စိုက်ကြည့်ရင်း "ဘာကြီးလဲ"

ရှောင်ကျူးက လှုပ်လှုပ်ရွရွဖြစ်နေတယ်။"နင် သူ့ကိုကြည့်ဖို့ အစပျိုးခဲ့ပေမယ့် သူက နင့်ကိုတောင် အကြည့်တစ်ချက် မပေးခဲ့ဘူးလေ! ကျစ်!ကျစ်!၊ သူ့ပရိသတ်တွေ ပျော်သင့်တယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now