Chapter 51

917 115 0
                                    

Unicode

ရှောင်ကျူးက Weibo ကိုဖွင့်လိုက်ပြီးနောက်၊

Weibo ရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ # သမိုင်းမှာ ဗုဒ္ဓဘာသာအဆန်ဆုံး ကာစတန်မာ # ဆိုတဲ့ hot search ကို မြင်လိုက်ရတယ်။

ကလစ်နှိပ်လိုက်ရင် အထဲမှာရှိနေတာက မိနစ်အနည်းငယ်ကြာတဲ့ စောင့်ကြည့်ဗီဒီယိုတစ်ခုဖြစ်ပြီး နိဒါန်းအတိုလေးဖြစ်တယ်။

"မနေ့က ၂၄ နာရီ စတိုးဆိုင်တစ်ခုမှာ ကာစတန်မာတစ်ယောက်က လူဆိုးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပေမယ့် သူမက ဘုရားသခင်လို ဗုဒ္ဓဘာသာဆန်တဲ့ တုံ့ပြန်မှုနဲ့အတူ အန္တရာယ်ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တယ်"

စောင့်ကြည့်ဗီဒီယိုမှာ အသံမပါပေမယ့်လည်း အဲ့ဒါက မြင်ကွင်းကို မထိခိုက်စေပါဘူး။

ဓားကိုင်ထားတဲ့လူဆိုး ခြိမ်းခြောက်နေတဲ့  ကာစတန်မာရဲ့မျက်နှာပေါ်မှာ ထိတ်လန့်မှုအနည်းငယ်ပင်မရှိဘဲ သူမရဲ့ တည်ငြိမ်တဲ့မျက်နှာထားကို ဖန်သားပြင်ကနေမြင်ရဖို့က မခဲယဉ်းပေ။

သူတို့ဘာတွေပြောနေမှန်း မသိရပေမယ့် လူဆိုးရဲ့မျက်နှာပေါ်ရှိ အမူအရာတွေပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်း ခံစားလို့ရတယ်။အစပိုင်းမှာတော့ ဦးထုပ်အောက်က လူဆိုးရဲ့မျက်နှာက ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်များသလိုဖြစ်နေပြီး နောက်တစက္ကန့်မှာ တစ်ခုခုလုပ်မလို့ပြင်လိုက်ပေမယ့် တဖြည်းဖြည်းနဲ့ သူ့အမူအရာက ပျော့ပြောင်းသွားတယ်။နှစ်ယောက်သား စကားအနည်းငယ် ဖလှယ်ပြီးနောက်မှာ‌တော့ လူဆိုးက ဓားကို ချလိုက်ပြီး ကာစတန်မာကို သွားခွင့်ပေးလိုက်တယ်။

ဒီတစ်မိနစ်စာစောင့်ကြည့်ဗီဒီယိုရဲ့ အလှည့်အပြောင်းက ကြည့်ရှုနေကြတဲ့ ကြည့်ရှုသူအများအပြားကို ချွေးထွက်သွားစေခဲ့တယ်။

စောင့်ကြည့်ဗီဒီယို ရုတ်တရက်ရပ်သွားတာက နှမြောစရာပင်။ နောက်ပိုင်းမှာ ဘာဖြစ်သွားလဲဆိုတာ သူတို့မသိရတော့ဘူးလေ။ခေါင်းစဉ်က ဒီဗုဒ္ဓဘာသာစိတ်ထားနဲ့ကာစတန်မာက သူမရဲ့ဖြတ်ထိုးဉာဏ်နဲ့ ပြသနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် သူတို့က ဘာဖြစ်ပျက်သွားလဲဆိုတာကို မမြင်ရဘူး။ ဓါတ်ပုံတွေကနေ ဘာဖြစ်သွားလဲသိရဖို့ သူတို့ရဲ့ဦးနှောက်ကိုသာ အားကိုးနေရတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now