Chapter 89

546 87 0
                                    

Unicode

ကုမျန်က သူ့အဖော်နှစ်ယောက်ကို မမေ့သွားဘူး။
“ဒါပေမယ့် အစ်မက တစ်ယောက်တည်းမဟုတ်ဘူး၊ အစ်မမှာ အစ်ကိုကြီးတစ်ယောက်နဲ့ အစ်မကြီးတစ်ယောက်ရှိ သေးတယ်”ထို့နောက် သူမက လော့ချယ်နဲ့ သူ့ဘေးမှာထိုင်နေတဲ့ ကောင်မလေးလီရှောင်းဟယ်ကို လက်ညိုးထိုးပြလိုက်တယ်။

ကုမျန် ညွှန်ပြတာကိုခံလိုက်ရပြီးနောက် လီရှောင်းဟယ်က ကောင်ကလေးကို အရမ်းချိုမြိန်တဲ့အပြုံးတစ်ပွင့် ပြသလိုက်တယ်။

ကောင်ကလေးကိုကြည်ရတာ အရမ်းကိုဝေခွဲမရဖြစ်နေပုံပဲ။ သူက ခေါင်းကို ကုတ်လိုက်ပြီး "ကျဲကျဲက တစ်ယောက်တည်း မဟုတ်ဘူးလား"

ကုမျန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ဒါနဲ့ အစ်မက လေရဟတ်တွေ၊ ဓာတ်ပုံဘောင်တွေလည်း လုပ်တတ်တယ်..."

ကောင်ကလေးက အံကြိတ်လိုက်ရင်း ခဏတုံ့ဆိုင်းသွားပြီးနောက် “‌ ကောင်းပြီ အစ်မတို့ သားနဲ့အရင်လိုက်ခဲ့”

ကုမျန်က မတ်တပ်ထရပ်လိုက်ပြီး လော့ချယ်နဲ့ လီရှောင်းဟယ်တို့ကို နောက်ကလိုက်ဖို့ခေါ်လိုက်တယ်။

နဥ်နဥ်နဲ့ အခြားသူတွေ အံသြသွားကြတယ်။

ကုမျန်နဲ့သူမရဲ့အဖွဲ့က တကယ်ကြီးဘာမှလဲလှယ်ဖို့တောင် မလိုအပ်ဘဲ ညစာကို တန်းစားလို့ရသွားတာလား?

ဒါ ဖြစ်နိုင်လား။

လင်ချန်အန်းရဲ့မျက်နှာက မှုန်ကုပ်နေတယ်။ သူက လော့ချယ်ကို သူ့ခြေဖဝါးအောက်မှာ အမြဲနင်းခြေထားခဲ့ချင်ပေမယ့် ကောင်ကလေး‌ဆီကို လော့ချယ်သွားမယ့်အစား ကုမျန်ကသွားမှာလို့ ဘယ်သူထင်မိမှာလဲ။

ကုမျန်လည်း မအောင်မြင်ခဲ့ရင်တော့ အဆင်ပြေမှာပေမယ့် ကံမကောင်းစွာနဲ့ပဲ သူမက အောင်မြင်ခဲ့တယ်။

သူအရင်က မအောင်မြင်ခဲ့တာက အရည်အချင်းမပြည့်မီတဲ့ပုံ မပေါက်သွားဘူးလား။

လော့ချယ်အစား ကုမျန်သွားတာလည်း မမှားနေဘူးလေ။

သူမနဲ့လော့ချယ်က တစ်ဖွဲ့တည်းဖြစ်ပြီး သူနဲ့ယှဉ်ပြိုင်ဖို့ လော့ချယ်ကိုပဲ နာမည်မတပ်ခဲ့ပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now