Chapter 76

663 85 5
                                    

Unicode

ကုမျန် ညစာစားတဲ့နေရာမှာ တစ်ယောက်တည်းထိုင်နေတဲ့အချိန် သူမရဲ့ပခုံးပေါ် လက်တစ်စုံပေါ်လာတယ်။

အစကတော့ စားပွဲထိုးလို့ သူမထင်လိုက်ပေမယ့် နောက်တစက္ကန့်မှာ သူမကြားလိုက်ရတဲ့စကားက ဒီဧည့်သည်က နှစ်လိုဖွယ်မကောင်းဘူးလို့ သူမကိုပြောနေခဲ့တယ်။ "မင်းက အရမ်းလှတာပဲ၊ တစ်ယောက်တည်းလား"

ကုမျန် နောက်လှည့်ကြည့်လိုက်တော့ သူမရဲ့ပခုံးပေါ်မှာ မသတီစရာကောင်းတဲ့ လက်တစ်ဖက်ကို တွေ့လိုက်ရတယ်။ လက်ချောင်းတွေကတုတ်ပြီး ၎င်းပေါ်မှာ ရွှေလက်စွပ်၀တ်ထားတာက မျက်စိကျိန်းစရာပင်။

စင်တီမီတာအနည်းငယ်လောက်ကျယ်၀န်းတဲ့ လက်စွပ်ကနေ ဒီလူက အားကောင်းတဲ့ နောက်မှပေါက်တဲ့ရွှေကြာပင်လိုလူဖြစ်ပုံပေါ်တယ်။

ကုမျန်က မျက်မှောင်ကြုတ်ကာ သူမရဲ့ညာလက်ကို မြှောက်လိုက်ပြီး သူမရဲ့ပခုံးပေါ်ကသူ့လက်ကို ဖယ်ထုတ်လိုက်တယ်။

မသတီစရာကောင်းတဲ့လက်ပိုင်ရှင်က ပြုံးပြီး "မင်းကိုကြည့်ရတာ အကောင်မကြီးပေမယ့် ဒေါသကတော့ တယ်ကြီးတာကိုး"

လူလတ်ပိုင်းအရွယ်အမျိုးသားက စကားပြောနေစဉ်မှာပဲ အရက်နံ့ပြင်းပြင်းက ပေါက်ကွဲထွက်လာတယ်။ သူ မူးနေတာပဲ။

ကုမျန်က မတ်တပ်ထရပ်ပြီး ဒီလူနဲ့ ခပ်ဝေးဝေးနေချင်ပေမယ့် လူလတ်ပိုင်းအရွယ်က သူမအပေါ် ကိုင်းညွတ်လာတယ်လေ။ ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဝိုင်နီကို ကောက်ယူကာ ထိုလူပေါ် လောင်းချလိုက်တော့တယ်။

အရောင်ဖျော့ဖျော့ဝတ်စုံက ဝိုင်နီတွေ စိုရွှဲသွားခဲ့တယ်။ သူ့မျက်နှာပေါ်ကနေ ဝိုင်နီတွေ တစက်စက်စီးကျနေတာက သူ့ကို အလွန်အမင်းရှက်ရွံ့သွားစေပုံရတယ်။

မကြာခင်မှာပဲ ဝိုင်နီရေကန်ငယ်လေးက ကြမ်းပြင်ပေါ်မှာ ပေါ်လာတယ်။

ထိုလူက နှစ်မိနစ်ခန့် အရက်မူးပြေသွားပုံပင်။ သူက ဒေါသတကြီးနဲ့ သူ့လက်ကို မြှောက်လိုက်ပြီး ကုမျန်ကို ရိုက်လိုက်ချင်ပေမယ့် တစ်စုံတစ်ယောက်က ထိုလူရဲ့လက်ကောက်ဝတ်ကို အမြန်ဖမ်းဆုပ်ထားခဲ့တယ်။"ခင်ဗျား ဘာလုပ်နေတာလဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now