Chapter 57

812 97 0
                                    

Unicode

"I'm So Popular" ရဲ့အမျိုးသမီးဇာတ်ဆောင် ရွှယ်ကွေ့၀မ်က ဘယ်သူမှမသိသေးတဲ့ သင်တန်းသူအဖြစ် စတင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သူမက တောက်လျှောက် အနုပညာလှုပ်ရှားခဲ့ပြီး နာမည်ကြီး *grand slamဘုရင်မ ဖြစ်လာခဲ့တယ်။

စာဖတ်သူတစ်ယောက်အမြင်ကနေကြည့်ရင် ဇာတ်လိုက်မင်းသမီးရဲ့ ကျော်ကြားမှုဖြစ်စဉ်က တကယ့်ကို အားရစရာကောင်းလှတယ်။ "10 Girls out of 100" ဆိုတဲ့ Talent showနဲ့ သူမက နေ့ချင်းညချင်း ရေပန်းစားလာခဲ့ပြီး မရေမတွက်နိုင်တဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ကာ သူမရဲ့ပြိုင်ဘက်တွေကို မြင့်မားလွန်းလှတဲ့ voteအရေအတွက်နဲ့ အကြွင်းမဲ့ အားသာချက်တွေနဲ့အတူ ချေမှုန်းနိုင်ခဲ့ကာ နောက်ဆုံးမှာတော့ C-place (center နေရာ) နဲ့ ပွဲဦးထွက်နိုင်ခဲ့တယ်။

ပွဲဦးထွက်ပြီးနောက်မှာ သူမက ပထမဆုံးနာမည်ကြီးလာစေမယ့် ကြော်ငြာရမယ့် အခွင့်အရေးကို အခိုင်အမာဆုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေနဲ့ မကြာခဏ ထိတွေ့ပေးခဲ့ကာ သူမရဲ့အနာဂတ်အလုပ်အကိုင်အတွက် ကောင်းမွန်တဲ့အုတ်မြစ် ချနိုင်ခဲ့တယ်။

ကုမျန်က ဇာတ်လိုက်မင်းသမီးရဲ့ကြိုးစားအားထုတ်မှုနဲ့ ထူးချွန်မှုကို မငြင်းပေမယ့် တစ်ချိန်တည်းမှာပဲ ဇာတ်လိုက်မင်းသမီးရဲ့ ပြိုင်ဘက်ကင်းလှတဲ့ အကွက်ချတဲ့စွမ်းရည်ကိုလည်း သူမ,မငြင်းနိုင်ပေ။

အမျိုးသမီးဇာတ်ဆောင်မှာ နောက်ခံမရှိပေမယ့်လည်း သူမက ဖျော်ဖြေရေးနယ်ပယ်ထဲမှာဆို အမြင့်တစ်နေရာကို ဖြည်းဖြည်းချင်းတက်လာနိုင်တဲ့ တောက်ပတဲ့ကြယ်တစ်ပွင့်ဖြစ်တယ်။

သူမမှာ လျို့၀ှက်ကြံစည်မှု‌တွေနဲ့ ဖြတ်ထိုးဉာဏ်သာမရှိရင် ဒါက မဖြစ်နိုင်ဘူးလေ။ အမှန်တော့၊ သူမရဲ့အကွက်ချစွမ်းရည်နဲ့ဆို၊ သူမသာ ရှေးခေတ်မှာ နေထိုင်ခဲ့ရမယ်ဆိုရင် ချောမောလှပတဲ့အမျိုးသမီးတွေ၊ တော်၀င်ကိုယ်လုပ်တော် ဒါမှမဟုတ် မိဖုရားဖြစ်လာနိုင်တဲ့ အရည်အချင်းရှိတဲ့လူတွေကို ကောင်းကောင်းအနိုင်ယူနိုင်လိမ့်မယ်။

သူမက အမျိုးသားဇာတ်ဆောင်နဲ့ ပတ်သက်ရဖို့ အကွက်ချမှုများစွာကို အသုံးပြုခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now