Chapter 100

506 78 2
                                    

Unicode

သူ့ဝမ်းကွဲရဲ့ ဟန်ဆောင်အထီးကျန်မှုအောက်မှာ ဘာတည်ရှိနေတာလဲဆိုတာကို လော့ကျစ်ယွီသာလျှင် နားလည်နိုင်တယ်။

သူက အကြံသမားပဲ!

အကြံအစည်တွေ အပြည့်နဲ့။

ကံမကောင်းစွာပဲ၊ လော့ကျစ်ယွီ ဒီမှာ မရှိခဲ့ဘူးလေ။

လော့ချယ်ရဲ့အထီးကျန်နေတဲ့ ပုံသဏ္ဍာန်ကိုမြင်ပြီးနောက် ကုမျန် ပြောလိုက်မိတယ်။"ရှင်စားချင်ရင် ကျွန်မကိုပြောလို့ရတယ်"

ဘာပဲဖြစ်ဖြစ်၊ လော့ချယ်မှာ ပရောဂျက်တွေ အများကြီးရှိပြီး ဒီလိုအလုပ်များလွန်းလှတဲ့ အချိန်ဇယားကြောင့် အချိန်မရှိသလောက်ဖြစ်ပြီး သူမဆီ တကယ်ရောက်လာမှာ မဟုတ်ဘူးလို့ သူမခံစားရတယ်။

အမျိုးသားဇာတ်လိုက်က အစားအစာအနည်းငယ်အကြောင်းကို ဘယ်လိုဂရုစိုက်ရမှာလဲ?

EQ အနည်းငယ်ရှိသူတိုင်းက သူမရဲ့စကားတွေက ဒီတိုင်းအဖြစ်ပြောတာသာဖြစ်ကြောင်း သိကြမှာဖြစ်ပြီး အမှန်တကယ်တော့ လော့ချယ် သူမကိုလာရှာတာကို အမှန်တကယ်မလိုချင်ခဲ့ပေ။

နောက်ပိုင်းကျရင်တော့ သူမက သူနဲ့လမ်းခွဲမှာမို့ လမ်းခွဲပြီးတဲ့ နောက်မှာ သူမဆီ ထမင်းတစ်နပ်လာစားစရာအကြောင်း မရှိတော့ဘူးလေ။

ဒါကြောင့် ကုမျန်က ဝန်လေးခြင်းမရှိပဲ ပြောလိုက်တာပင်။

ဒါပေမယ့် လော့ချယ်က ဒီစကားကိုကြားတော့ သူက ပြုံးပြီး ဖော်ရွေစွာ တုံ့ပြန်ခဲ့တယ်။"ကောင်းပြီ၊ ကိုယ် မင်းကို နောက်ဆိုနှောင့်ယှက်ရတော့မှာပဲ"

လော့ချယ်ရဲ့အမြင်မှာတော့ သူနဲ့ကုမျန်တို့က အမည်ခံချစ်သူတွေဖြစ်ကြပေမယ့်လည်း၊ အမှန်တကယ်တော့ သူ ကုမျန်ကို ပထမဆုံးလက်ခံခဲ့တုန်းက ရိုးသားမှုကို မပြခဲ့ရပေ။ သူတို့နှစ်ယောက်ကို ချစ်သူကောင်လေးနဲ့ ချစ်သူကောင်မလေးလို့ ခေါင်းစဉ်တပ်ထားပေမယ့် ချစ်သူတွေနဲ့မတူနေဘူးလေ။

သူတို့က သာမန်သူငယ်ချင်းတွေထက် အနည်းငယ်ပိုကောင်းနေရုံပင်။

ဒါကြောင့် အကြံအစည်တွေ ကြံဆပြီး လုပ်ရသေးတယ်။ သူအဲ့လိုမလုပ်ရင် သူမကို ဆက်သွယ်ဖို့အခွင့်အရေး ပိုရှိလာပါ့မလား။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now