Chapter 108

660 98 1
                                    

Unicode

ကုကော်အန်းက ကျင်းကျန်းကျူကို စိတ်ထဲမထားဖို့နဲ့ သူ ဒါကို ကိုင်တွယ်မယ်လို့ ကုမျန်ကိုပြောလာတာကြောင့် သူမက သဘာဝကျကျပင် သဘောတူလိုက်တယ်။

ကုကော်အန်းအတွက်တော့ ကုမျန်က သူ့ရှေ့မှာ ကျင်းကျန်းကျူအကြောင်းကို မပြောခဲ့ဘူးဆိုရင် သူ့ဇနီးဟောင်းကို မှတ်မိမှာတောင် မဟုတ်ဘူး။ သူမ တခြားယောက်ျားတစ်ယောက်နဲ့ နိုင်ငံခြားကို ထွက်သွားတုန်းကဆို ကုမျန်က နှစ်နှစ်ပဲရှိသေးတာပင်။

ကျင်းကျန်းကျူ ထွက်သွားတာကြောင့်သာမဟုတ်ရင် သူ့သမီးလေးကို အကောင်းဆုံးဘဝပေးနိုင်ဖို့အတွက် အလုပ်အရမ်းလုပ်ဖို့ သူတွေးမိမှာမဟုတ်ပေ။ ကုမျန်ကို သူ့ဘေးနားကနေ နှစ်ပေါင်းများစွာ အဝေးမှာထားခဲ့မှာလည်းမဟုတ်ဘူး။

ကံကောင်းထောက်မစွာနဲ့ အဖေနဲ့သမီးက ဒီနှစ်တွေမှာ အဆက်အသွယ်များစွာ မရှိခဲ့ပေမယ့်လည်း ကုမျန်က သူနဲ့စိမ်းမသွားခဲ့ပေ။

ဒါက သူ့အတွက်တော့ အကြီးမားဆုံး ကံကောင်းမှုဖြစ်နေပြီ။

ကျင်းကျန်းကျူ တခြားယောက်ျားနဲ့နေဖို့ သူနဲ့နှစ်နှစ်အရွယ်သမီးလေးကို ချန်ရစ်ခဲ့တုန်းက ကုကော်အန်းမှာ သူမအတွက် အချစ်တွေအများကြီးရှိနေဆဲဖြစ်တယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ကြုံတွေ့ခဲ့ရပြီး ပဟေဌိဖြစ်ကာ ရှုပ်ထွေးနေခဲ့ရတယ်။

ဒါပေမယ့် သူ့အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်လာတဲ့အခါမှာတော့ အတိတ်ကို လုံးဝလက်လွှတ်ခဲ့တာပင်။ သူက အနှစ်လေးဆယ်မျှ အရှုပ်အရှင်းမရှိဘဲ ဖြတ်သန်းခဲ့တယ်။သူချစ်ရတဲ့သူကို ပြန်လှည့်ကြည့်ရမယ့်အချိန် သူလည်း ပြန်ပြုံးနိုင်ခဲ့ပြီ။(နားမလည်မှာစိုးလို့ပါ ထားရစ်ခံခဲ့ရတုန်းက မပြုံးနိုင်ခဲ့ပေမယ့် အတိတ်ကို လက်လွှတ်နိုင်ခဲ့ပြီမို့ သူလည်း ပြန်တွေ့တဲ့အခါ ပြန်ပြုံးပြနိုင်ပြီဆိုတဲ့သဘောပါ)

ကျင်းကျန်းကျူပြန်လာလာ၊မလာလာ သူစိတ်မ၀င်စားပေ။

ဒါပေမယ့် သူမမှာ ကုမျန်နဲ့ပတ်သတ်ပြီး အတွေးတစ်ခုခုရှိနေရင်တော့ သူဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now