Chapter 38

1K 134 0
                                    

Unicode

၀မ့်ရှားက အသက်နှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်တယ်။ သူမမှာ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရှိတယ်။ ဒါက သူမသိမ်းဆည်းထားခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ သူမနဲ့သူမရဲ့အေးဂျင့်မှလွဲပြီး ဘယ်သူကမှမသိခဲ့ကြပေ။ ကလေးရဲ့အဖေအရင်းတောင်မှ သူနဲ့၀မ့်ရှားမှာ ဒီအရွယ်ကလေးတစ်ယောက်ရှိမှန်း မသိခဲ့ဘူး။

၀မ့်ရှားရဲ့ပွဲဦးထွက်လို့ ပြောရတာက ထူးဆန်းတယ်။ သူမကလေးမရှိသေးခင်မှာ သူမရဲ့ အလုပ်အကိုင်က သာမန်ပါပဲ။ ကလေးမွေးဖို့ တစ်နှစ်၊နှစ်နှစ်လောက်  ဖျော်ဖြေရေးလောကကနေ ထွက်သွားခဲ့ပေမယ့် ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။ ဒါပေမယ့် သူမသားလေးကို မွေးဖွားပြီးတဲ့နောက်မှာတော့ သူမက နေ့ချင်းညချင်း ကံကောင်းလာခဲ့ပြီး သူမရဲ့ အသက်မွေးဝမ်းကြောင်းကလည်း အပေါ်ထောင်တက်သွားခဲ့တယ်။

သူမက ကြော်ငြာတွေနဲ့ ရုပ်ရှင်တွေ ဆက်ရိုက်နေခဲ့ပြီး ၀မ့်ရှားအကြောင်းကို လူထုကသိသွားဖို့ အချိန်သိပ်မကြာခဲ့ဘူး။

သူမရဲ့သားက ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတာဖြစ်မယ်လို့ သူမရဲ့အေးဂျင့်တောင်မှ ပြောခဲ့တယ်။

ဒါကြောင့် ၀မ့်‌ရှားက သူမရဲ့သားကို ကံကောင်းစေတဲ့ ကြယ်ပွင့်လေးအဖြစ် အမြဲမှတ်ယူခဲ့တာ။

သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ကလေးကို ပြုစုစောင့်ရှောက်ဖို့ ပရော်ဖက်ရှင်နယ်နာနီကို ငှားရမ်းဖို့ရာအတွက် ငွေအများကြီး ပေးခဲ့ရတယ်။ အစပိုင်းမှာတော့ သူ့မိဘတွေကို သူ့ကလေးနဲ့ တခါတလေတွေ့စေပေမယ့် သူ့မိဘတွေက ကလေးကို အလိုလိုက်မှာစိုးတာကြောင့် ရံဖန်ရံခါမှသာ သူ့မိဘတွေကို တွေ့ခွင့်ပေးတော့တယ်။

၀မ့်ရှားက သူမရဲ့ကလေးကို အရမ်းချစ်ပေမယ့်လည်း သူမကိုယ်တိုင်နဲ့ သူမရဲ့အသက်မွေးဝမ်းကြောင်းကို ပိုချစ်တယ်။ သူမရဲ့အလုပ်များလှတဲ့အလုပ်အကိုင်ကြောင့် တစ်ခါတစ်ရံမှာ သူမက ရိုက်ကူးရေးအဖွဲ့ထဲမှာ သရုပ်ဆောင်နေရပြီး အိမ်ပြန်လာဖို့ လအနည်းငယ်ကြာတတ်တယ်။ ဒါကြောင့် သူမရဲ့ကလေးကို သိသိသာသာဂရုမစိုက်မိခဲ့ဘူး။ သူမရဲ့သားက အသက်ခြောက်နှစ်ရှိပြီဖြစ်ပေမယ့်လည်း အရမ်းကိုဘာသိဘာသာ‌နေလေ့ရှိတယ်။ သူက စကားသိပ်မပြောဘဲ သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ နှစ်မြုပ်နေခဲ့တာ။ တစ်ခါတလေ ၀မ့်ရှားက သူနဲ့ စကားပြောတာတောင် သူကဂရုမစိုက်ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now