Chapter 3

1.7K 146 1
                                    

Unicode

ကျောက်စိမ်းနဂါးနှင်းတောင်တန်းက  လူဦးရေကျဲပါးပြီး လှပတဲ့ရှုခင်းတွေ၊ စိမ်းလန်းတဲ့တောင်တန်းတွေနဲ့  ဧရိယာအများစုကို စိမ်းလန်းစိုပြေတဲ့သစ်ပင်တွေက ဖုံးလွှမ်းထားတယ်။ သိသိသာသာကို ဒါကအရမ်းပူပြင်းတဲ့ နွေရာသီဖြစ်တယ်။ပုစဉ်းရင်ကွဲတွေက ဆက်တိုက်အော်မြည်နေပြီး ရေကန်က ချစ်ချစ်တောက်နေကြောင့် ခြောက်သွေ့သွားပုံရပေမယ့် သူမအဲ့ဒီကိုရောက်တဲ့အခါ စိမ်းလန်းစိုပြေနေတာကိုမြင်ပြီးနောက် ကုမျန်က အေးမြသွားသလို ခံစားလိုက်ရတယ်။

ပထမဆုံးအကြည့်တစ်ချက်နဲ့တင်  ကျောက်စိမ်းနဂါးနှင်းတောင်တန်းက ကမ္ဘာမြေပေါ်မှာတည်ရှိတဲ့ နတ်သမီးကုန်းမြေလိုမျိုး လှပနေတယ်။အဖွဲ့သားတွေ ဒဏ္ဍာရီပုံပြင် “Ask the Immortals”ဇာတ်ကားကို ဒီနေရာမှာ ရိုက်ကူးဖို့ ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းက ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အချို့နေရာတွေကို တိုက်ရိုက်အသုံးပြုနိုင်တာကြောင့် ထုတ်လုပ်ပြီးနောက်ကုန်ကျစရိတ်ကို များစွာသက်သာစေနိုင်လို့ဖြစ်တယ်။

ကုမျန်ရဲ့အမြင်အရတော့ ဖုန်းရွှေ (Metaphysics)အရမ်းကောင်းတယ်။ကျောက်စိမ်းနဂါးနှင်းတောင်တန်းရဲ့ရှုခင်းသာဧရိယာတစ်ခုလုံးရဲ့ အလယ်ဘက်မှာ ကြီးမားတဲ့ရေကန်တစ်ခုရှိပြီး စိမ်းလန်းစိုပြေတဲ့ ရာစုနှစ်သက်တမ်းရှိ သစ်ပင်တွေဝန်းရံနေတယ်။ရေကန်ကို ကြယ်တွေက ဝန်းရံထားပြီး ရေကန်မျက်နှာပြင်က ညဘက်မှာဆို မြူဆိုင်းနေတယ်။ လရောင်အောက်မှာ အုံ့ဆိုင်းနေတဲ့မြူမှုန်တွေက *အရှေ့အရပ်ကနေ ခရမ်းရောင်လေတွေ ဝင်လာတယ်လို့ အဓိပ္ပာယ်ရတယ်။*

ဒါကြောင့် "Ask the Immortals"အဖွဲ့သားတွေက ဒီလိုနေရာမျိုးမှာ ရိုက်ကူးဖို့ရွေးချယ်ခဲ့ကြတာပါ။

တကယ်တော့ ဒီဇာတ်ကားကို Lemon Channelမှာ ထုတ်လွှင့်ပြသပြီးတဲ့နောက် တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့တယ်။

အမျိုးသားဇာတ်ဆောင်၊ ဒါရိုက်တာ၊ဇာတ်ပို့သရုပ်ဆောင်အယောက်တိုင်းနဲ့ လက်ထောက်ဒါရိုက်တာ၊ရိုက်ကွင်းစာရေးဆရာ၊အလင်းထိုးပေးတဲ့သူ၊ မိတ်ကပ်ပညာရှင် လူတိုင်း ရေပန်းစားသွားခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now