Chapter 14

1.2K 160 0
                                    

Unicode

ကုမျန် အမျိုးသမီးဇာတ်ဆောင်နေရာကို လုယူလိုက်တဲ့သတင်းကြောင့် Weibo က အချိန်အတော်ကြာအောင် သက်၀င်တက်ကြွနေခဲ့တယ်။ ထို့နောက် သူမအေးဂျင့်လီနန်ရဲ့ လျင်မြန်ပြီး အစွမ်းထက်တဲ့လှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့ အဆိုးမြင်မှတ်ချက်အားလုံးက အချိန်မီဖိနှိပ်ခံလိုက်ရတယ်။

တစ်ဖက်သားရဲ့ hot searchက လေဆင်နှာမောင်းတစ်ခုလိုမျိုး ရုပ်သိမ်းသွားတာ မြန်ဆန်လွန်းလို့ လူအများက မတုံ့ပြန်နိုင်ခဲ့ဘဲ နှေးကွေးတဲ့လူတွေအတွက် ဖရဲသီးစားဖို့ အချိန်မရှိတော့တာကြောင့် အင်တာနက်သုံးစွဲသူတွေ နောင်တရမိတဲ့အချိန်လေးမှာပဲ Weibo ပေါ်မှာ hot search အသစ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။

#ရှော့ခ်ရစရာ! ကုမျန်က တကယ်ကို သူမကိုယ်သူမ ဖျက်ဆီးနေတာပဲ..#

ကုမျန်လား?

သူတို့ သူမရဲ့နာမည်ကို နေ့တ၀က်လောက်ကမှ တွေ့ခဲ့ကြတာမဟုတ်ဘူးလား။ သိပ်မကြာခင်မှာပဲ သူမ ဘယ်လိုထပ်ပြီး hot search ပေါ်ရောက်နိုင်မှာလဲ ။

သူမဘာတွေ ဖျက်ဆီးတာလဲ။

ဖရဲသီးစားသူတော်တော်များများက hot search နောက်တစ်ကြိမ် ဖယ်ရှားခံရမှာကို စိုးရိမ်တာကြောင့် အလျင်အမြန် ကလစ်နှိပ်လိုက်ကြတယ်။ အကြောင်းအရာကိုဖတ်ဖို့ အချိန်တောင်မယူကြတဲ့ အင်တာနက်သုံးစွဲသူအချို့တောင်ရှိပြီး သတင်းကို သိမ်းဆည်းဖို့ရာအတွက် ပထမဆုံး စခရင်ရှော့ယူလိုက်ပြီးမှ ကလစ်နှိပ်ပြီး ဖြည်းဖြည်းချင်းဖတ်ကြတော့တယ်။ သူတို့က မျက်စိတစ်မှိတ်အတွင်း hot search ပျောက်သွားမှာကို စိုးရိမ်နေကြတာလေ။

အင်တာနက်သုံးစွဲသူအားလုံး ဖရဲသီးစားနေတဲ့အချိန်မှာ ရိုက်ကူးရေးပေါ်က လော့ချယ်နဲ့လော့ကျစ်ယွီတို့ကလည်း hot search ကို သိသိသာသာ သတိထားမိခဲ့ကြတယ်။

လော့ချယ်က ထိုအချိန်မှာ ရိုက်ကူးစရာ sceneမရှိပေ။ သူက လှုပ်ကုလားထိုင်ပေါ် ခေါင်းငုံ့ကာထိုင်နေပြီး *Dou Dizhu ကို ကစားနေခဲ့ခြင်းပင်။(fight the landlord - ကတ်ဂိမ်း)

သူ့မျက်၀န်းတွေကို အောက်ငုံ့ထားပြီး ကော့ညွတ်နေတဲ့မျက်တောင်လေးတွေက နက်ရှိုင်းပုံရတဲ့မျက်၀န်းတွေကို ဖုံးအုပ်ထားတာကြောင့် ဒါက သူ့မျက်၀န်းတွေကို မြင်ရန်ခက်ခဲစေတယ်။သူ့ဘေးမှာရပ်နေတဲ့ လော့ကျစ်ယွီက လက်ထဲမှာဖုန်းကိုင်ထားပြီး ဘလော့ဂါက အပြုံးတပွင့်နဲ့ ရေးတင်ထားတဲ့ Weibo ပေါ်ကစာအရှည်ကြီးကို တစ်လုံးချင်းစီ ဖတ်ပြနေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now