Chapter 8

1.2K 255 4
                                    

Unicode

"Ask the Immortals" ဇာတ်ကားထဲက ကြာပွင့်ဖြူလေးက မသေမျိုးမိသားစုမှ အိမ်စေငယ်လေးတစ်ဦးမျှသာဖြစ်တယ်။ သူမက သစ်သားအိမ်မှာ နေထိုင်ပြီး ပါရမီနိမ့်ပါးကာ တစ်နေ့တာလုံး အခိုင်းခံရလေ့ရှိတယ်။

ဒီလိုမျိုးလူတစ်ယောက်က သူ့ကိုယ်သူတောင် မထောက်ပံ့နိုင်သလောက်ပင်။ သူမအတွက်တော့ မြေခွေးတစ်ကောင်ကို မွေးမြူရတာက အရမ်းခက်ခဲနေပြီ။

သူမက မြေခွေးလေးကို တိတ်တိတ်လေး ပျိုးထောင်ပေးနေခဲ့တယ်။ သူမကို တခြားသူတွေမြင်ရင် အိမ်တော်ထိန်းဆီကနေ နောက်တစ်ကြိမ် ရိုက်နှက်ခံရမှာ သေချာတယ်။ ဒါကြောင့် အစပိုင်းမှာ မြေခွေးလေးကို ကောက်ယူပြီးနောက် သူမရဲ့စိတ်နှလုံးသားက ဝိရောဓိဖြစ်နေပြီး ရှုပ်ထွေးသွားခဲ့တာပါ။

ဒဏ်ရာတွေကို ကုသပေးဖို့ သူမရဲ့အခန်းထဲကို ပြန်ခေါ်သွားချင်ပေမယ့် သူလေးကို တွေ့သွားပြီး  သူမကို ပြသနာဖြစ်စေမှာကိုလည်း စိုးရိမ်တယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ တုံ့ဆိုင်းမှုတွေအားလုံးက မြေခွေးလေးရဲ့ စိုစွတ်ပြီး လုံးဝိုင်းတဲ့ အနက်ရောင်မျက်၀န်းလေးတွေအောက်မှာ မီးခိုးတိမ်တွေအဖြစ်ကို ပြောင်းသွားတော့တယ်။

သူလေးက အရမ်းငယ်တယ်၊ သနားစရာကောင်းပြီး အားကိုးရာမဲ့နေတယ်လေ။ သူမ မကူညီခဲ့ရင် တစ်ညလုံး အသက်ရှင်နိုင်မှာမဟုတ်ဘူး။

စိတ်ထားနူးညံ့တဲ့ ယင်းလျန်က သူလေးကို အိမ်ခေါ်သွားဖို့ဆုံးဖြတ်ပြီး အိမ်ပြန်သွားတယ်။ဘာပဲဖြစ်ဖြစ် သူမက သူလေးကို လျစ်လျူမရှုနိုင်ဘူး။

ကုမျန်က သူမဟာ နည်းလမ်းတကျသရုပ်ဆောင်ပြီး မှန်မှန်ကန်ကန် သရုပ်ဆောင်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူမက သိသိသာသာကြီးကို သရုပ်မဆောင်နိုင်ခဲ့ဘူး။ အဆုံးမှာတော့ ဒါရိုက်တာက သူမကြောင့် ဒေါသမထွက်ခဲ့ရုံသာမက သူက သူမကိုလည်း ချီးကျူးခဲ့တယ်။

ဒါရိုက်တာက သူမကို ဝမ်းသာအားရနဲ့ ဆက်တိုက်ချီးမွမ်းနေခဲ့တာ။ "ရှောင်ကု၊ မင်း အခုလေးတင် ဘယ်လိုအမူအရာလုပ်ရမလဲဆိုတာကို ကောင်းကောင်းဆုပ်ကိုင်နိုင်သွားတယ် ပြီးတော့ ဆက်ပြီးကြိုးစားပါ ငါ မင်းကို အရမ်းယုံကြည်စိတ်ချတယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now