Chapter 48

922 116 0
                                    

Unicode

ရှောင်ကျူးနဲ့လော့ကျစ်ယွီတို့က ဗိုက်ဆာနေတာ အချိန်အတော်ကြာပြီဖြစ်ပြီး မှာယူထားတဲ့ ပါဝင်ပစ္စည်းတွေ ရောက်ရှိနေတာလည်း ကြာမြင့်နေပြီဖြစ်တယ်။ ကုမျန်နဲ့ လော့ချယ်ရောက်ရှိလာပြီးတာနဲ့ အစားအစာပြင်ဆင်ဖို့ သူတို့ဆုံးဖြတ်ထားကြတယ်။

ကုမျန်ကိုမြင်တာနဲ့ ရှောင်ကျူးက ရှေ့ကိုပြေးလာပြီး သူမဗိုက်အောင့်နေတာကို ဂရုမထားဘဲ ကုမျန်ရဲ့ခန္ဓာကိုယ်ပေါ် မျက်စိရောက်သွားကာ  ကြောက်ရွံ့တုန်လှုပ်မှုတို့ ရစ်ဝဲနေတဲ့အသံနဲ့ ပြောလာတယ်။"မျန်းမျန်၊ ကံကောင်းထောက်မစွာနဲ့ နင်အဆင်ပြေတယ်!"

ကုမျန်က ပြုံးပြီး သူမရဲ့နောက်ကျောကို ညင်ညင်သာသာပုတ်ပေးလိုက်တယ်။

အရင်က လူအိုကြီး သူမကိုသင်ပေးခဲ့တဲ့အရာတွေကို သူမတကယ် ဂရုမစိုက်ခဲ့ဘဲ အလုပ်တွေပြီးအောင် လိုက်လုပ်ရုံသာလုပ်ခဲ့တာပင်။

ဒါပေမယ့် အဲ့ဒီအရာတွေက သူမရဲ့အသက်ကို ကယ်တင်နိုင်မယ်လို့ မမျှော်လင့်ထားမိဘဲ ဒါက ကံကောင်းတာလို့လည်း ယူဆလို့ရလေတယ်။

ရှောင်ကျုးက ကုမျန်ကို တက်တက်ကြွကြွပွေ့ဖက်လိုက်ပြီး "မျန်းမျန်၊ နင် ဒီကပ်ဆိုးကြီးကို ရှောင်နိုင်ခဲ့ပြီဆိုတော့ ကံကောင်းလာတော့မှာပါ"

"ဟုတ်ပါပြီ"

ညစာက အရမ်းကိုနှုတ်မြိန်လွန်းလှတယ်။ ရှောင်ကျူးနဲ့လော့ကျစ်ယွီတို့က fresh food appမှာ ရူးရူးမူးမူးအော်ဒါတင်ခဲ့ပြီး ပါ၀င်ပစ္စည်းများစွာကို ဝယ်ယူခဲ့ကြတယ်။

Appက‌နေ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေ၊ ပင်လယ်စာတွေနဲ့ အစားအစာအမျိုးမျိုးကို မှာယူရရှိနိုင်ပြီး ချက်ပြုတ်နေစဉ်မှာ ကောင်းမွန်လှတဲ့ စားသောက်ချိန်လေး ရရှိခဲ့ကြတယ်။

ညစာစားပြီးနောက် ရှောင်ကျူးက ကုတင်ပေါ်မှာ ကျေနပ်စွာ လှဲလျောင်းနေပြီး သူမရဲ့ဗိုက်ကို ထိလိုက်တယ်။

သူမက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ကုမျန်ကို ပြောလာတယ်။"မျန်းမျန်၊ နင် hot search‌ ပေါ်ရောက်နေတယ်!"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now