Chapter 62

834 102 0
                                    

Unicode

လော့ချယ်က ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး ခေါင်းပေါ်ရှိ မီးဆိုင်းမှ အလင်းရောင်ကို ခဏကြာအောင် ကြည့်လိုက်ပြီးနောက် မျက်လွှာချကာ တခစ်ခစ်ရယ်လိုက်တယ်။ "မဟုတ်ဘူး"

တကယ်တော့ သူ လုပ်ချင်နေတာကြာပြီမို့လို့ စိတ်မြန်လက်မြန်ရှိတာ မဟုတ်ဘူး။

အရင်က သူတစ်ကြိမ် အလျှော့ပေးခဲ့တယ်။ ကုမျန် သူ့ကိုvoteပေးပြီးနောက် လော့ကျစ်ယွီရဲ့ဖျောင်းဖျတားမြစ်‌မှုတွေနဲ့ အမျိုးမျိုးသော ထည့်သွင်းစဉ်းစားစရာတွေကြောင့် သူပြတ်ပြတ်သားသား တုံ့ပြန်မှုမပြုခဲ့ပေ။ ဒါကြောင့် ကုမျန်ရဲ့ ဒရာမာကောင်းကို ကြည့်ရှုနေသူတိုင်းက သူမတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားပြီလို့ ထင်ခဲ့ကြတယ်။

ထိုအချိန်တုန်းက သူသာတုံ့ပြန်ခဲ့မယ်ဆိုရင် တင်ဆက်သူက အဲဒီလိုမေးမှာမဟုတ်ဘူး။ တင်ဆက်သူတွေက ခေါင်းစီးတွေနဲ့ ကျော်ကြားမှုကို ရှာဖွေနေရပေမယ့်လည်း ထိုမေးခွန်းမျိုးက သူ့ကို ပြောင်ပြောင်တင်းတင်း ထောက်ခံပြီး ကုမျန်ကို နင်းချေလိုက်ခြင်းဖြစ်တယ်။

ဒုတိယအကြိမ်တော့ သူအလျှော့မပေးတော့ဘူး။ သူ့ရဲ့တုံ့ပြန်မှုက ဆိုးရွားတဲ့သက်ရောက်မှုတွေ အများကြီး ရှိလာခဲ့ရင်တောင် သူနှုတ်ဆိတ်မနေနိုင်ဘူး။

သူမကို သူသဘောကျရဲ့လားဆိုတာ မသိသေးပေမယ့် ကုမျန်က သူ့ရဲ့ ချစ်သူကောင်မလေးပင်။

ချစ်သူကောင်လေးတစ်ယောက်အနေနဲ့ သူမကို လှောင်ပြောင်သရော်ကြတာနဲ့ လျစ်လျူရှု‌ထားကြတာကို သူဘယ်လိုကြည့်နေနိုင်မှာလဲ။

လော့ချယ်က "အင်တာနက်မှာ တုံ့ပြန်မှုတွေ ဘယ်လိုရှိလဲ"

လော့ကျစ်ယွီက ပြန်ပြုံးပြလိုက်ပြီး "ဒီတစ်ခါ တုံ့ပြန်မှုက မဆိုးဘူး နောက်ဆုံးတော့ မင်းအရင်က 'အနှစ်သက်ရဆုံး'၊ ဆွဲဆောင်မှုအရှိဆုံး'၊ 'နှစ်လိုဖွယ်အကောင်းဆုံး' နဲ့ 'ချစ်စရာ‌အ‌ကောင်းဆုံး' ဆိုတာတွေကို voteခဲ့သေးတယ်လေ ဒါကြောင့် ဒီ'နှလုံးသားအလှုပ်ရှားစေဆုံး' က ဘာမှ မထူးခြားနေဘူး ပြီးတော့ မင်းပရိသတ်တွေက မင်းရဲ့တုံ့ပြန်မှုကို ရင်ထဲအရမ်းထိသွားကြတယ် ကုမျန်ကို လူတွေ၀န်းရံထားတာကနေ ကူညီခေါ်ထုတ်လာဖို့ မင်းက ထောက်ထားညှာတာတတ်ပြီး ဖျတ်ထိုးဉာဏ်ရှိတယ်လို့ တွေးနေကြတယ် ပြီးတော့ ကုမျန်က မင်းကာကွယ်နေတဲ့လူမို့ အခုတောင် သူတို့က supportချင်တဲ့စိတ်လေးနဲ့ ချစ်ကြည်မှုလေးနည်းနည်း ရှိလာကြပြီ”

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now