Chapter 6

1.3K 140 0
                                    

Unicode

မျက်လုံးချင်းဆုံပြီးခနအကြာမှာ လော့ချယ်က အကြည့်လွှဲသွားတယ်။

အဲ့ဒီအချိန်တုန်းက ဖြစ်သွားခဲ့တဲ့ eye contactကို ကုမျန်က အာရုံမစိုက်မိဘူး။ သူမငယ်ငယ်လေးတုန်းကတော့ တိရစ္ဆာန်လေးတွေက ဘာကြောင့် သူမကိုသဘောကျကြတာလဲဆိုတာ သူမ မသိခဲ့ဘူး။ သူမအသက်နည်းနည်းကြီးလာတဲ့အချိန် လူအိုကြီးကြောင့် ရုပ်လွန်ပညာနဲ့ဆိုင်တဲ့ ရှေးဖြစ်ဟောပြောခြင်းတွင်းကြီးထဲ ဆွဲသွင်းခံရတဲ့အချိန်မှာတော့ တိရစ္ဆာန်ငယ်လေးတွေက သူမကို ပိုပြီး‌တော့တောင် သဘောကျလာခဲ့ကြ‌တယ်။

ဖွင့်ပွဲအခမ်းအနားကျင်းပနေတဲ့အချိန်မှာ ကုမျန်နဲ့လော့ချယ်က သဘာဝအလျောက် အတူတူရပ်ကြရတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ အရမ်းလုံခြုံတဲ့ အကွာအဝေးတစ်ခု ထားရှိထားလေတယ်။

အပြင်လူတွေဘက်ကကြည့်ရင် သူတို့ဟာ တကယ်တမ်းကျတော့ ချစ်သူတွေဆိုတာ ရိုးရိုးရှင်းရှင်းကို မမြင်နိုင်ဘူး။

တကယ်တော့  အပြင်လူတစ်ယောက်မပြောနဲ့၊ကုမျန်ကတောင် သူမတို့က ချစ်သူတွေလို့ မခံစားရဘူး။

သို့ပေမယ့်လည်း သူမက သူမလက်ချောင်းတွေကို ဖျစ်ညှစ်လိုက်တယ်။သူမ မေ့နေခဲ့တာတစ်ခုရှိတယ်။ အဲ့ဒါက စာအုပ်ထဲက ဇာတ်ကြောင်းအရ သူမတို့နှစ်ယောက်ရဲ့ ပထမဆုံး လမ်းခွဲရမယ့်အချိန်က သိပ်မဝေးတော့ဘူးဆိုတာပဲ။

ဟုတ်တယ်၊ အဲဒီလို လမ်းခွဲပြီး ပြန်ပေါင်းထုပ်တဲ့ ကာလက တစ်နှစ်နီးပါးဆက်ဖြစ်နေမှာ။ တကယ်တော့ အဲ့ဒီ(လမ်းခွဲပြီးပြန်ပေါင်းထုပ်တဲ့ကာလ)တစ်ကြိမ်ချင်းစီက လအနည်းငယ်သာ ကြာတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အမျိုးသားဇာတ်လိုက်ရဲ့ အလုပ်များလွန်းတဲ့အချိန်ဇယားကြောင့် သူတို့နှစ်ဦး အတူရှိရတဲ့အချိန်က နည်းပါးလှတယ်။

အခမ်းအနားပြီးနောက်မှာ ကုမျန်က မိတ်ကပ်လိမ်းဖို့ လိုအပ်သေးတယ်။

သူမက ရိုက်ကူးရေးအဖွဲ့ဆီ ရုတ်တရက်ဆန်ဆန်ကြီး ဝင်လာခဲ့တာဖြစ်တယ်။ အမျိုးသားခေါင်းဆောင်၊ ဒါရိုက်တာနဲ့ ရင်းနှီးမြှုပ်နှံသူကလွဲပြီး လူအများစုက သူမကို သတိမထားမိခဲ့ကြပေမယ့် ဒီလိုအခြေအနေမျိုးက မဆန်းကြယ်‌နေဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now