Chapter 30

1K 141 0
                                    

Unicode

[တာ့ကျဲက တကယ့်ကို တစ်မူထူးနေတဲ့သူတစ်ယောက်ပဲ၊ သူမက လုံးဝ ဂရုမစိုက်တတ်ဘူး၊ ဟားဟား]

[တာ့ကျဲ နှုတ်ဆက်တယ်နော် နောက်တစ်ခါတွေ့မယ်!]

ကုမျန်က တိုက်ရိုက်ထုတ်လွှင့်ပြီးနောက် အိပ်မပျော်တာကြောင့် နာနီဆီသွားပြီး မြေခွေးလေးကို သူမအခန်းထဲပြန်ခေါ်လာကာ မြေခွေးလေးနဲ့တူတူ ခဏကစားပေးလိုက်တယ်။

သူမဘက်မှာတော့ ‌နွေးထွေးပြီး သက်‌တောင့်သက်သာရှိိခဲ့တယ်။

တစ်ဖက်မှာရှိတဲ့ ၀မ့်ရှားကတော့ သူမရဲ့ဖုန်းကို လွှင့်ပစ်လုနီးပါးပင်။

တကယ်တော့ ကုမျန်ရဲ့တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရောက်နေတဲ့ haterတွေက သူမနဲ့ဘာမှမဆိုင်ဘူးလို့ပြောရင် သဘာဝအတိုင်းကို မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူမနဲ့ ပတ်သက်တယ်လို့ ပြောခဲ့ရင် သူမက အလွယ်တကူ ထွက်သွားနိုင်ပြီး ပြသနာထဲပါမှာမဟုတ်ဘူး။ သူမက သူမရဲ့support club ဥက္ကဋ္ဌရှေ့မှာ အနည်းငယ် စိတ်ဆင်းရဲဟန်ဆောင်ကာ ငိုခဲ့ရုံကလွဲပြီး အခြားဘာမှလုပ်ခဲ့ခြင်းမဟုတ်ပေ။

သူမက ကုမျန်ကိုမည်းနက်သွားအောင်ပြုလုပ်စေဖို့ သူမရဲ့ပရိတ်သတ်တွေကို မစည်းရုံးခဲ့ဘဲ ကုမျန်ကိုတွေ့တဲ့အချိန်ဆို သူမစိတ်မချမ်းသာ‌ဘူးလို့လည်း သူ့ကိုမပြောခဲ့ပေ။

လတ်တလောမှာ သူမက အနည်းငယ် ပင်ပန်းမိတယ်ဆိုတာနဲ့ ဒီနယ်ပယ်ထဲနေထိုင်ရတာက အရမ်းကိုခက်ခဲလွန်းတယ်‌လို့ ခံစားမိတယ်ဆိုတာလေးပဲ သူမပြောခဲ့တာ။ ကျန်တာအားလုံးကို သူမ ထိန်းချုပ်ဖို့ မလိုအပ်ဘူး။ သူမရဲ့ support clubဥက္ကဋ္ဌက ကုမျန်ကို အလိုအလျောက် ပစ်မှတ်ထားလိုက်ပြီး သူမရဲ့ ပရိသတ်တွေက သူမ မတရားခံရကြောင်း သိပြီးတဲ့နောက်မှာတော့ သူတို့က သဘာ၀ကျစွာနဲ့ ဒေါသထွက်ခဲ့ကြတယ်။

သူမရဲ့ပရိသတ်တွေကြောင့် ကုမျန်ဆူပူကြိမ်းမောင်းခံ‌ရတာကို မြင်ရတာက ၀မ့်ရှားကို ပျော်ရွှင်စေတယ်။

သူမလည်းပဲ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ အခြေအနေတွေကို တိတ်တဆိတ်ကြည့်နေခဲ့တာ။ သူမရဲ့ပရိသတ်တွေ ကုမျန်ကို ဆဲဆိုကြိမ်းမောင်းနေတဲ့အချိန်ကတည်းက သူမ အလွန်အမင်းပျော်ရွှင်နေခဲ့တယ်။ ဒါပေမယ့် သူမ ကောင်းမွန်တဲ့ရှိုးပွဲကို ကြည့်ရှုနေဆဲအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လေရဲ့ဦးတည်ရာက ချက်ချင်းပြောင်းလဲသွားပြီး သူမမြင်ချင်တဲ့မြင်ကွင်းက ချက်ချင်းပျောက်ကွယ်သွားကာ သူမရဲ့ပရိသတ်တွေက Weibo ရဲ့ hot search ပေါ်  ကုမျန်ထပ်ရောက်သွားဖို့တောင် ကူညီပေးခဲ့ကြတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now