Chapter 28

1.1K 144 0
                                    

Unicode

စကားပြောပြီးနောက် လော့ချယ်က သူနဲ့ စကားမပြောတော့ဘဲ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး အချိန်ဖြုန်းဖို့ DouDizhu ကိုဖွင့်လိုက်တယ်။

ဒါပေမယ့် အရင်တုန်းကလိုမျိုး ရှုံးပွဲဆက်တိုက်ဖြစ်တာက ပြန်စလာပြန်တယ်။

သိသိသာသာကြီးကို ဟိုတနေ့က သူ့မှာ အရမ်းကောင်းတဲ့လက်လေး ရှိခဲ့တာလေ။

ကတ်ကောင်းလေးတွေက ဒယ်အိုးပူပူပေါ်က ရေပွက် လေးတစ်ပွက်ဖြစ်ခဲ့ရုံပဲတဲ့လား။

ဒုတိယအကြိမ် ပေါ်လာဖို့က သူတို့အတွက် ခက်ခဲလို့လား။

လော့ကျစ်ယွီက လော့ချယ်ရဲ့လက်ထဲက ကတ်ကိုမြင်သွားပြီး "သုံးပွင့်နှစ်ကတ်၊ လေးပွင့်တစ်ကတ်၊ ငါးပွင့်တစ်ကတ်၊ ခြောက်ပွင့်နှစ်ကတ် အကြီးဆုံးကတ်က K. အားချယ်၊ မင်းရဲ့ကံက အမြဲဆိုးနေတာပဲ"

လော့ချယ်ရဲ့နှုတ်ခမ်းပါးလေးတွေက တောင့်တင်းသွားပြီး နောက်ထပ်ဖဲတစ်ဖုံ ထပ်ရှုံးပြီးနောက် "ငါ့မှာ ဂျိုကာ၊ ဘုရင်၊ မိဖုရားလေးပါး၊ aceလေးကောင်ရဖူးတဲ့ ကောင်းမွန်တဲ့လက်လေးရှိခဲ့ဖူးတယ်"

လော့ကျစ်ယွီက အော်ဟစ်လိုက်ပြီး"ဘယ်တုန်းကလဲ၊ ပင်ဂွင်းက နောက်ဆုံးတော့ သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီလား"

" ကုမျန် ငါ့အနားမှာ ရှိနေခဲ့တဲ့အချိန်တုန်းက..." လော့ချယ် တစ်ခုခုကို သဘောပေါက်သွားတယ်။

လော့ကျစ်ယွီရဲ့မျက်၀န်းတွေ တောက်ပလာပြီး သူ စိတ်လှုပ်ရှားလာတယ်။ သူ‌က လော့ချယ်နဲ့ သူ့ချစ်သူကောင်မလေးရဲ့ ဖရဲသီးကို လုံလုံလောက်လောက် မစားရသေးဘူးလို့ ပြောခဲ့ပေမယ့်လည်း ဖရဲသီးလတ်လတ်ဆတ်ဆတ်လေးကို သိပ်မကြာခင်မှာတင် ရလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ဘူး။

"မင်းနားမှာ ကုမျန်ရှိနေတုန်းက မင်း ကတ်ကောင်းကောင်းရခဲ့တာလား"

"ဒါက တိုက်ဆိုင်သွားတာဖြစ်ရုံပဲ"

လော့ကျစ်ယွီက သိသိသာသာကို တိုက်ဆိုင်မှုဆိုတာ မယုံဘူး။ "မင်း ငါးပွဲ ဒါမှမဟုတ် ခြောက်ပွဲဆက်တိုက် ထပ်ရှုံးသွားတာမလား အရည်အချင်းရှိရင် တစ်ပွဲလောက် အနိုင်ယူကြည့်လေ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now