Chapter 60

768 95 0
                                    

Unicode

ဘေးမှ အမျိုးသားတင်ဆက်သူက အရွှန်းဖောက်လိုက်တယ်။"မင်းက အမျိုးသားဇာတ်ဆောင်ကိုမြင်ရလို့ စိတ်လှုပ်ရှားတာလား ဒါမှမဟုတ် အမျိုးသမီးဇာတ်ဆောင်ကို မြင်ရလို့ စိတ်လှုပ်ရှားတာလား"

အမျိုးသမီးတင်ဆက်သူ(ရီကာ)က စိတ်ဆိုးဟန်ဆောင်ပြီး သူ့ကိုကြည့်လိုက်ကာ "ဒါပေါ့ ကျွန်မက သူတို့နှစ်ယောက် အတူတူ ပေါ်လာတာကို မြင်ရလို့ စိတ်လှုပ်ရှားနေတာလေ ရှင်သိပါတယ်၊ ကျွန်မက Ask the Immortal ရဲ့ ပရိတ်သတ်တစ်ယောက်ပဲ"

အမျိုးသားတင်ဆက်သူက ပိုလေးနက်သွားတယ်။ " ပြောရရင် ဒါက သူတို့နှစ်ယောက်တွဲရိုက်ဖူးတဲ့ ပထမဆုံးဇာတ်ကားပဲမလား ပထမဆုံးပူးပေါင်းဆောင်ရွက်တာက ဒီလိုကောင်းမွန်တဲ့ရလဒ်မျိုး ရလိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်မိခဲ့ဘူး"

ကုမျန်က လော့ချယ်ရဲ့အနားမှာရပ်နေပြီး ငြိမ်သက်စွာနားထောင်နေတယ်။

လော့ချယ်ကို တင်ဆက်သူက အင်တာဗျူးတဲ့အခါ သူက သူ့ရဲ့စကားတွေကို ရွှေလိုတန်ဖိုးထားပြီး စကားအများကြီး မပြောခဲ့ဘူး။ အဲ့ဒီစကားတွေကိုကြားတဲ့အခါ သူက "ဟုတ်တာပေါ့" လို့ပဲ ပြောခဲ့တယ်။

ဒါပေမယ့် လူတိုင်းက သူ့ရဲ့အေးစက်စက်နိုင်မှုနဲ့ စကားအနည်းငယ်ပဲပြောတတ်တာကို ကျင့်သားရခဲ့တာ ကြာလှပြီ။

အမျိုးသားကြယ်ပွင့်အချို့က သူ့ပုံစံကို နားမလည်နိုင်ကြပေမယ့်လည်း အနက်ရောင်နာနတ်သီးတွေကတော့ သူ့လေသံကို သဘောကျကြတယ်။ ဒါက မိုက်(cool)တယ်လေ။ သူက စကားသိပ်မပြောတတ်ပေမယ့် သာမန်အမျိုးသားကြယ်ပွင့်တွေထက် ပိုပြီးတော့ ယုံကြည်အားထားလို့ရတယ်။

အမျိုးသားတင်ဆက်သူက မျက်လုံးလှိမ့်လိုက်ပြီး ထပ်အရွန်းဖောက်လိုက်ပြန်တယ်။"အဲဒါကိုပြောရင် လော့လောင်ရှီးအတွက် မင်းသမီးတစ်ယောက်နဲ့ ခန်းမထဲကိုတူတူဝင်လာတာက ဒါပထမဆုံးအကြိမ်ပေါ့နော် ဟုတ်တယ်မလား အရင်က လောင်ရှီးတစ်ယောက်တည်းပဲ အမြဲလာခဲ့တာ"

လော့ချယ်ရဲ့အမူအရာက မပြောင်းမလဲရှိနေဆဲပင်။ "ဟုတ်တယ်"

အမျိုးသားတင်ဆက်သူက လော့ချယ်ရဲ့အကျင့်စရိုက်နဲ့ ရင်းနှီးကျွမ်း၀င်လှတာ သိသာထင်ရှားတယ်။ လော့ချယ်က လျစ်လျူရှုထားတာကြောင့် သူက ခေါင်းစဉ်တစ်ခုရှာဖို့ စတင်လုပ်ဆောင်ခဲ့ပြီး ဆက်ပြောလာတယ်။ "ဒီနှစ် အမျိုးသားကြယ်ပွင့်ဆုအတွက် ကုမျန်က လော့လောင်ရှီးကို voteပေးခဲ့ပေမယ့် လော့လောင်ရှီးက သူမကို voteမပေးခဲ့ဘူး ဒါပေမယ့် ဒီနေ့တော့ ကုမျန်နဲ့တူတူ ခန်းမထဲကို ဝင်လာပြန်ရော လော့လောင်ရှီး လောင်ရှီးဘယ်လိုထင်လဲ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now