Chapter 19

1.1K 141 1
                                    

Unicode

လေထုက ခဏလောက်တော့ တိတ်ဆိတ်မှုထဲ ကျရောက်သွားတယ်။

ခန်ယန်ယန်က နှစ်ခါရယ်ပြီး "ဟုတ်လား...?"

လူတော်တော်များများက သူမကို မယုံလောက်ဘူးဆိုတာ ကုမျန်သိပေမယ့် သူမ,မလိမ်ပါဘူး။

သူမမှာ ပုံရိပ်တကယ်မရှိဘူး၊ သူမက သူမပါပဲ။

ဒါပေမယ့် အခြားသူတွေ မယုံကြည်လောက်တာကြောင့် ရှင်းပြရင်တောင် အသုံးမဝင်ဘူး။ ဒါကြောင့် ကုမျန်က ဘာမှမရှင်းပြတော့ဘဲ မရေမရာ ခေါင်းညိတ်လိုက်တယ်။

ခန်ယန်ယန်က ခေါင်းကုတ်လိုက်ပြီး ခေါင်းစဉ်ကို ဘယ်လိုဆက်သွားရမှန်းမသိ ဖြစ်သွားတော့တယ်။

ကုမျန်က လူအိုကြီးရဲ့လွှမ်းမိုးမှုအောက်မှာ ရှေ့ဖြစ်ဟောကြားခြင်းနဲ့ ပတ်သက်တဲ့စာအုပ်များစွာကို ဖတ်ဖူးပေမယ့်လည်း သူမက သမားရိုးကျသင်ယူမှုတွေကို မတွေ့ကြုံခဲ့ရတာကြောင့် ထိုမျှလောက် မကောင်းမွန်လေဘူး။

ဒါပေမယ့် သူမရဲ့သက်‌မွေး၀မ်းကြောင်းနဲ့စပ်လျဉ်းတဲ့ ကျွမ်းကျင်မှုက သာမန်လူတွေထက်တော့ အများကြီးသာလွန်နေပါသေးတယ်။ သူမ လုပ်နိုင်ဆဲပင်။

ကုမျန် ခန်ယန်ယန်ရဲ့မျက်နှာကို ကြည့်လိုက်တော့ သူမက ဘာအကြံအစည်မှမရှိတဲ့ နွေးထွေးပြီး ရိုးရှင်းတဲ့လူတစ်ယောက်ဆိုတာကို တွေ့လိုက်ရတယ်။သူမပြောတဲ့အတိုင်း သူမက စိတ်လှုပ်ရှားလွယ်ပြီး ရှူးရှူးရှားရှားဖြစ်လွယ်တတ်သူပဲ။ သူမက အဲ့ဒီအကြောင်းထည့်တွေးပြီး “ရှင် ကျွန်မကို မေးစရာမလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ရှင်က နာမည်ကြီးလိမ့်မယ်”

ခန်ယန်ယန်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး သူမက အနည်းငယ်လည်း အံ့သြသွားကာ "အာ၊ အစ်.. အစ်မလည်းအဲ့ဒီလိုထင်လား"

ကုမျန်က "'Ask the Immortals' ထွက်လာတဲ့အချိန် ရှင်နာမည်ကြီးလိမ့်မယ်"

ခန်ယန်ယန်က ရက်ရက်ရောရောပြုံးပြလိုက်ပြီး လက်ပိုက်ကာ "ဒါဆို အစ်မရဲ့စကားကောင်းလေးတွေ တကယ်ဖြစ်လာဖို့ မျှော်လင့်ပါတယ် ကျေးဇူးပါ!"

သူမက ကုမျန်ရဲ့စကား‌တွေကို စိတ်ထဲမထည့်ဘဲ သူမကို နှစ်သိမ့်ဖို့ အကောင်းပြောပေးနေတယ်လို့သာ တွေးနေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now