Chapter 98

398 73 0
                                    

Unicode

လင်ချန်းအန်းနဲ့အခြားသူတွေက ငါးဖမ်းသမားနဲ့အတူ သူတို့ရဲ့ငါးဖမ်းပိုက်ကို ပြုပြင်ဖို့ သင်ယူနေချိန်မှာ ကုမျန်နဲ့အခြားသူတွေကတော့ အသက်ကယ်အင်္ကျီ၀တ်ပြီး ထိပ်တန်းငါးဖမ်းကိရိယာတွေနဲ့အတူ ငါးဖမ်းဖို့ လှေပေါ်တက်လိုက်ကြတယ်။

လှေလှော်နေတဲ့ လှေသမားက ကြံ့ခိုင်လှတယ်။ လီရှောင်းဟယ်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ငါးဖမ်းသမားနဲ့ စကားစမြည်ပြောဖို့ လှေပဲ့ပိုင်းကို သွားခဲ့တယ်။

သင်္ဘောရဲ့အလယ်မှာ ကုမျန်နဲ့ လော့ချယ်သာ ကျန်ခဲ့တော့တယ်။

လှေထဲမှာ ငါးဖမ်းကိရိယာတွေ ပြည့်နှက်နေပြီး နည်းနည်းကျဉ်းနေပုံပေါက်တယ်။ဒါကြောင့် လော့ချယ်ရဲ့ခြေတံရှည်တွေအတွက် နေရာမရှိတော့တဲ့ပုံပဲ။ ရံဖန်ရံခါ၊ ၎င်းက ကုမျန်ရဲ့ခြေထောက်တွေနဲ့ ပွတ်တိုက်မိလိမ့်မယ်။

ကုမျန်က ချည်သားဘောင်းဘီအထူကို ၀တ်ဆင်ထားတာဖြစ်ပြီး ရံဖန်ရံခါ ပွတ်တိုက်မိနေတာကို သတိမထားမိပေ။ သူမက ရှားရှားပါးပါးရင်းနှီးမှုကိုသာ ခံစားရတယ်။

ဒီဇင်ဘာလေက တိုက်ခတ်နေပြီး အရိုးတွေထိ အေးခဲသွားစေနိုင်တဲ့ အအေးဓာတ်ကို သယ်ဆောင်လာတယ်။

ကုမျန်က မသိစိတ်မှ ခိုက်ခိုက်တုန်သွားတယ်။

သူမရဲ့ပုံပန်းသွင်ပြင်အကြောင်းကို သိပ်မစဉ်းစားဘဲ တင်းတင်းကြပ်ကြပ် ၀တ်ဆင်ထားပေမယ့်လည်း သူမ သည်းမခံနိုင်တော့ပေ။ ရွှမ်းချွင်းမှာ တကယ်အေးတာပဲ။

ဓားသွားလို အေးစက်စက်လေပြင်းတွေက လူတွေရဲ့မျက်နှာကို နာကျင်စေတယ်။

လော့ချယ်က အနွေးအိတ်ကိုယူပြီး ကုမျန်ရဲ့ လက်နှစ်ဖက်ထဲ ထည့်ပေးလိုက်ကာ "လေက နည်းနည်းပြင်းတယ်၊ ကိုင်ထားလိုက်"

ကုမျန်က ဘယ်တုန်းကမှ အရေခြုံဇာတ်ကောင် မဟုတ်ခဲ့ဘူး။ ဒါကြောင့် လော့ချယ် သူမကို အနွေးအိတ်ပေးလာပြီးနောက် ၎င်းကို ယဉ်ကျေးသိမ်မွေ့စွာ ဆုပ်ကိုင်ထားခဲ့တယ်။

ကုမျန်က တင်ဆက်သူ ခုနကပြောတဲ့စကားကို တွေးမိပြီး ဘေးနားက လော့ချယ်ကို မေးလိုက်တယ်။ "ငါးကြိုက်လား"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now