Chapter 37

1K 147 0
                                    

Unicode

သူမရဲ့Weiboက ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်။

အချက်အလက်အားလုံးက ၉၉၉၉၉ပဲ။

ပရိသတ်တွေနဲ့commentတွေ မြင့်တက်လာပြီး သူမရဲ့နောက်ဆုံးပေါ်ဖုန်းက ဒီဗုံးပေါက်ကွဲမှုလှိုင်းကို မခံနိုင်တာကြောင့် ဟန်းတောင်ဟန်းသွားတယ်။

ကုမျန်က ဒီကိန်းဂဏန်းအချက်အလက်အနည်းငယ်ကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ တစ်ညပဲ ကုန်သေးတယ်လေ။ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က ဆိုးရွားလွန်းတာကြောင့် လူထုကို ယမ်းပုံမီးကျဖြစ်သွားစေတာများ ဖြစ်နိုင်လား။ ဒါပေမယ့် ဒါရိုက်တာက သူမသရုပ်ဆောင်တာကို ကျေနပ်အားရနေတယ်ဆိုတာ အသိသာကြီးပါ။

သူမကို အင်တာနက်သုံးစွဲသူတွေက ဝေဖန်နေတာမဟုတ်ရင် ဒါဆို သူမ ခေတ်စားနေတာလား။

ကုမျန် ကလစ်နှိပ်လိုက်တာနဲ့ အမှန်တရားနဲ့ သူမထင်ထားတဲ့အရာကြားမှာ အနည်းငယ်ကွာဟချက်ရှိနေတုန်းပဲဆိုတာ သဘောပေါက်သွားတယ်။

သူမဟာ တကယ်ကို ခေတ်စားနေတယ်။

ဒါပေမယ့် သရုပ်ဆောင်ကြောင့်တော့ ဖြစ်ဟန်မရဘူး။

@သရုပ်‌ဆောင်ခန်ယန်ယန် : "ကုမျန်က ဒါကို ဟောကိန်းထုတ်ထားတယ် ငါ ကျော်ကြားလာလိမ့်မယ်လို့ သူမက နှစ်ကြိမ်တိတိ အခိုင်အမာပြောခဲ့တာ သူမက ငါ့ကို နှစ်သိမ့်နေတယ်လို့ ငါထင်ထားတာလေ မယုံခဲ့ဘူးပေါ့ အလုပ်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူးရယ် @ကုမျန်[image ]" တွဲထားတဲ့ပုံက သူမနဲ့ကုမျန်ကြားက စကားပြောမှတ်တမ်းဖြစ်တယ်။

[ငါ အရမ်းစိတ်လှုပ်ရှားနေတယ် အနာဂတ်ကျရင် ဖျော်ဖြေရေးနယ်ပယ်မှာ ငါနေရဦးမှာလား ဒီဇာတ်ကားကို အခုလေးတင်ကြည့်ရတော့မှာလေ!]

[ကုရှောင်မျန်၊ ငါအရမ်းစိတ်လှုပ်ရှားနေတယ်၊ အား အား အား အား အား အား]

....

ခန်ယန်ယန်က သူမတစ်ယောက်တည်း သူမဘာသာ စကားပြောနေတယ်။ ကုမျန်ဆီ မက်ဆေ့ချ်များစွာ ပို့ထားတာကြောင့် သူမစိတ်လှုပ်ရှားနေကြောင်းကို မြင်နိုင်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now