Chapter 42

1K 147 1
                                    

Unicode

ကုမျန်ရဲ့ စိတ်ဓာတ်က သာမန်မိန်းကလေးတွေထက် အများကြီး ပိုသန်မာတယ်။ မနေ့ညက သွေးစွန်းနေတဲ့လက်ကို ရရှိခဲ့ရပြီးနောက် အနည်းငယ်စိတ်မသက်မသာ ဖြစ်ခဲ့ရပေမယ့်လည်း မကြာခင်မှာ သူမက စိတ်အခြေအနေကို ပြန်ချိန်ညှိလိုက်တယ်။

အိပ်ယာဝင်ပြီး ကုမျန်က ကြိမ်ဖန်များစွာ လူးလှိမ့်နေပြီးနောက် အိပ်ပျော်သွားခဲ့တယ်။ သူမက ညဘက်မှာ အိပ်မက်ဆိုးတောင် မမက်ခဲ့ဘူး။

ညမှာအိပ်မောကျသွားတတ်တဲ့စရိုက်က ကောင်းမွန်ပါတယ်။ မိုးလင်းတာနဲ့ ကုမျန်ကနိုးလာတယ်။ အချိန်က မနက်ခြောက်နာရီပဲ ရှိသေးတယ်။ အဲ့ဒီအထပ်မှာ နေထိုင်သူအများစုက အိပ်ပျော်နေကြဆဲဖြစ်ပြီး စင်္ကြံမှာ သူမတို့မှလွဲ၍ အခြားဘယ်သူမှမရှိပေ။ အရမ်းတိတ်ဆိတ်နေတယ်။

ဒါကြောင့် ကုမျန်က လော့ချယ်ကိုတွေ့လိုက်ရတဲ့အခါ အရမ်းအံ့သြသွားတာဖြစ်တယ်။ သူ ဒီမှာ တစ်ညလုံး နေပြီး မအိပ်ထားဘူးလား။

လော့ချယ်က သူ့လက်ကို မြှောက်လိုက်ပြီး မျက်ခုံးကိုဖျစ်ညှစ်ကာ အသံတိုးတိုးလေးပြုလုပ်လိုက်တယ်။

ရဲစခန်းကို တိုင်ကြားထားပြီးဖြစ်ပေမယ့်လည်း သူ အေးအေးသက်သာမနေနိုင်သေးဆဲပင်။ အရောက်ပို့သမားအတုအယောင်က ပြန်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လှုပ်ရှားမှုအချို့လုပ်လာမှာကို သူစိုးရိမ်တယ်။ အဲဒီလူက ကုမျန်ကို တကယ်ကြီးထပ်ပြီး ဒုက္ခမပေးနိုင်လောက်ပေမယ့် အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်တော့ အရမ်းနောက်ကျမှ သူရောက်သွားမှာမဟုတ်ဘူးလေ။

သတိရှိတာက ပိုကောင်းတယ်။

ကုမျန်က သူဘာလို့ သူမရဲ့အခန်းတံခါးဝမှာ တညလုံးနေခဲ့ရတာလဲဆိုတာ သိတယ်။ ဒါက သူမရဲ့လုံခြုံရေးအတွက်ပဲ။

သူက စာဖတ်သူတွေရဲ့ အားပေးမှုအများဆုံးရတဲ့ ဇာတ်ကောင်ဖြစ်ဖို့ ထိုက်တန်တယ်။ သူက ဂရုစိုက်တတ်၊ တာဝန်ယူတတ်သူဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေအပေါ်လည်း ကောင်းတယ်။

သူတစ်ညလုံး မအိပ်ထားရတာကြောင့် လော့ချယ်ရဲ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ရှိနေပြီး မေးစေ့ပေါ်မှာတော့ မုတ်ဆိတ်မွေးငုတ်တိုပါးပါးလေး ပေါ်နေတယ်။ဒါက သူ့ရဲ့ချောမောခန့်ညားမှုကို မလျော့သွားစေဘဲ သူ့ကို ပိုပြီး ယောက်ျားပီသစေတယ်။ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း "ရှင် အခု ပြန်အိပ်လို့ရပြီ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now