Chapter 1

3.5K 210 3
                                    

Unicode

"မျန်းမျန် ငါတို့ ကျောက်စိမ်းနဂါးနှင်းတောင်တန်းကို ရောက်နေပြီ ထတော့လေ" တိတ်ဆိတ်နေတဲ့ဗန်ကားထဲမှာ လက်ထောက်ရှောင်ကျူးက ကုမျန်ကို ညင်ညင်သာသာတို့လိုက်ပြီး တိုးညင်းစွာပြောလိုက်တယ်။

ကုမျန်က သူမရဲ့မျက်ခုံးအလယ်ဗဟိုကို ညင်ညင်သာသာပွတ်သပ်လိုက်ပြီး မျက်၀န်းတွေကို  ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ တကယ်တော့ သူမ လုံးဝမအိပ်နေပါဘူး။ အရာများစွာကို တွေးနေခဲ့တာကြောင့် အခုလေးတင် သူမမျက်၀န်းတွေကို မှိတ်ထားခဲ့တာဖြစ်တယ်။

ဒီလမ်းပေါ်မှာ သုံးလေးနာရီရှိပြီးနောက် သူမက "I'm So Popular" ဆိုတဲ့ဝတ္ထုထဲ ကူးပြောင်းလာခဲ့ပြီဆိုတဲ့ အဖြစ်မှန်ကို ဖြည်းဖြည်းချင်း လက်ခံခဲ့တယ်။

သူမ ဒီစာအုပ်ထဲ မကူးပြောင်းခင် လူအိုကြီးက အပြုံးတစ်ပွင့်နဲ့ စာအုပ်ကို သူမဆီ ကမ်းပေးခဲ့တာ။ အဲဒီတုန်းက သူမနားမလည်တဲ့ ဝိရောဓိဆန်တဲ့ တစ်စုံတစ်ခုကိုလည်း သူပြောခဲ့သေးတယ် ။ ဖြစ်နိုင်တာက... သူမ ဒီအရာထဲကို ကူးပြောင်းသွားမယ်ဆိုတာ လူအိုကြီးသိထားပြီးသားလား။

ကုမျန်နားလည်အောင် မလုပ်နိုင်သေးခင် သူမရဲ့ မန်နေဂျာနန်က ပြုံးလိုက်ပြီး တွင်းထွက်ရေကို သူမဆီကမ်းပေးတယ်။ "မျန်းမျန် မင်းလည်ချောင်း စိုစွတ်သွားအောင်  ရေနည်းနည်းသောက်လိုက်ဦး ငါတို့ဆယ်မိနစ်အတွင်း ရှုတင်ကို ရောက်လိမ့်မယ်ထင်တယ်"

ကုမျန်နဲ့ ပူးပေါင်းတော့မယ့်လူကို တွေးမိတဲ့အခါ ရှောင်ကျူးက  Fanတစ်ယောက်အနေနဲ့ အဲ့ဒီအခိုက်အတန့်အတွက် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့တယ်။ သူမက ဘယ်လောက်ပဲနူးညံ့သိမ်မွေ့ပြီး ရှက်တတ်တဲ့သူဖြစ်နေပါစေ သူမ မျက်တောင်ခတ်လိုက်ပြီး မေးလိုက်တယ်။"အစ်ကိုနန် ချယ်ချယ်ရောက်နေပြီထင်လား"

အစ်ကိုနန်က ရှောင်ကျူးကို မျက်နှာထားတင်းတင်းနဲ့ စိုက်ကြည့်နေဟန်ဆောင်လိုက်ပြီး "စကားပြောတာ သတိထား သူ့ကိုလော့လောင်ရှီးလို့ခေါ်ရမယ် နားမလည်ဘူးလား"

ရှောင်ကျူးက ပြောခဲ့တယ်။"အစ်ကိုနန် လော့လောင်ရှီးဆိုတာက..."

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now