Chapter 80

669 103 0
                                    

Unicode

ကုမျန် ကောလဟာလအမှားတွေမှာ ပါဝင်သွားတာကြောင့် ဒေါသထွက်နေပြီဖြစ်တဲ့ စီးပွားရေးလောကမှ ကုကော်အန်းကတော့ စိတ်မတည်ငြိမ်နိုင်ပေ။

အင်တာနက်ပေါ်က မှတ်ချက်တွေကို ကြည့်ရင်း သူ့လက်တွေက ဒေါသနဲ့တုန်ယင်နေခဲ့တယ်။

[ဟဟဟ၊ ကုမျန်ရဲ့ မိသားစုနောက်ခံက အရမ်းသန်မာလွန်းတာကြောင့် သူမ ပြောချင်တာမှန်သမျှကို သတ္တိရှိရှိပြောရဲနေတာလို့ ငါထင်ခဲ့ပေမယ့် သူမက စပွန်ဆာရှိတဲ့မိန်းမတစ်ယောက်တဲ့]

[သူမဘေးနားက သက်လတ်ပိုင်းလူအိုကြီးက သူမကို ရင်းနှီးကျွမ်း၀င်စွာနဲ့ အဆာပြေမုန့်တွေ ဝယ်ပေးနေတာကိုတွေ့လိုက်ရတော့ အရမ်းစိတ်ပျက်သွားသလို ခံစားရတယ်]

[ကျစ် ကျစ် ကုမျန်က နယ်ပယ်ထဲဝင်ဖို့ နည်းလမ်းတစ်ခုခုကို သုံးခဲ့မှာပဲ‌လေမဟုတ်ဘူးလား ဟားဟားဟား]

[ပြဿနာတစ်ခုရှိသေးတယ် အဲ့ဒီလူကြီးက ဆံပင်ဖြူပြီး အရမ်းကိုအိုနေပုံပဲ သူလက်ထပ်ပြီးလောက်ပြီမဟုတ်လား? ကုမျန်က အပျော်မယားလား]

[F**၊ ငါ ကုမျန်ကို အရမ်းသဘောကျတာ သူမက စိတ်ထားကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အပျော်မယားဖြစ်သွားပြီလား သူမက အရမ်းမြန်တာပဲ၊ သူမက အပျော်မယားလုပ်လေ့ ရှိနေတာပဲဖြစ်ရမယ်]

[အဆာပြေတူတူဝယ်တယ်၊ ဇိမ်ခံကားတူတူစီးတယ်၊ စံအိမ်ကြီးထဲတူတူ၀င်သွားတယ်၊ ကျစ် ကျစ် ကျစ်၊ မယုံနိုင်စရာပဲ!]

Weibo မှာ ခန့်မှန်းချက် အမျိုးမျိုးရှိနေပေမယ့် ခန့်မှန်းချက်တိုင်းက ဆိုးဝါးလှတယ်။

ကုကော်အန်းက ဖုန်းကို လွှင့်ပစ်လုနီးပါးပဲ။ ကုမျန် နယ်ပယ်ထဲဝင်တဲ့အချိန်တုန်းက သူမရဲ့မိသားစု နောက်ခံကို ထုတ်ဖော်သင့်တယ်။ သူမကသာ ကုမိသားစုရဲ့သမီးဆိုတာကို အားလုံးသိကြမယ်ဆိုရင် သူတို့က အခုအချိန်မှာ အဲ့လိုထင်ကြေးပေးနေမှာမဟုတ်ပေ။

ကုကော်အန်းရဲ့ ရုပ်ဆိုးနေတဲ့မျက်နှာကိုမြင်လိုက်ရတော့ အတွင်းရေးမှုးက ဘေးနားမှာ သတိထားရပ်နေပြီး "ဒါရိုက်တာကု၊ မမလေးနဲ့ပတ်သက်တဲ့ မကောင်းတဲ့မှတ်ချက်အများစုက ရေတပ်တွေ (m. spam မှတ်ချက်တွေပေးတဲ့ ဆိုက်ဘာအဖွဲ့)နဲ့ တချို့ကတော့ အကျပ်အတည်းဖြစ်နေတဲ့ ရေထဲကနေ ငါးဖမ်းကြတဲ့သူတွေပါ* (အကျပ်အတည်းကို အခွင့်ကောင်းယူတာ) တကယ်တော့ မမလေးနဲ့ပတ်သတ်ပြီး စကားကောင်းလေးတွေပြောကြတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်”

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Tahanan ng mga kuwento. Tumuklas ngayon