Chapter 5

1.4K 143 0
                                    

Unicode

အချို့စာဖတ်သူတွေရဲ့ comment တွေက အရူးအမူးစွဲလမ်းနေတာနဲ့ပင် မကွာခြားတော့ပေ။

လောကကြီးရဲ့အုပ်စိုးရှင် မင်းသားလေးပြန်လာပြီ။

ကုမျန် "I'm So Popular" ကိုဖတ်ခဲ့တုန်းက သူမ အမျိုးသားဇာတ်လိုက်နဲ့ပတ်သက်ပြီး ဘာမှသိပ်မခံစားခဲ့ရပေမယ့်လည်း အမျိုးသားဇာတ်လိုက်က fan တွေကို အမှန်တကယ်ဆွဲဆောင်နိုင်ကြောင်းတော့ ဝန်ခံပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ မကောင်းကြောင်းကို တစ်စုံတစ်ယောက်က ပြောဆိုရဲရင် သူတို့ဘဝရဲ့ မိနစ်တိုင်းမှာ သူတို့ဝေဖန်ခံရလိမ့်မယ်။

ကုမျန်က လော့ချယ်ဆီ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တယ်။

လမ်းက သိပ်မရှည်လျားတာကြောင့် သူမ ဘယ်လောက်ပဲနှေးနှေးလျှောက်ပါစေ သူ့ဆီ ရောက်သွားဆဲပင်။

လော့ချယ်ကို အနည်းငယ်နီးတဲ့ နေရာကနေ လှမ်းကြည့်လိုက်ရင် သူ့အလှတရားနဲ့ လွယ်လွယ်ကူကူ ရိုက်ခတ်ခံရနိုင်တယ်။ ထိုကဲ့သို့သော သက်ရောက်မှုမျိုးက သာမန်လူတွေ ခံနိုင်ရည်ရှိနိုင်တဲ့ဟာမျိုးမဟုတ်ဘူး။

အမျိုးသားဇာတ်လိုက်က အရမ်းချောတယ်လို့ပြောထားတဲ့ စာကြောင်းက မွန်းကြပ်စရာပေမယ့် အတော်လေးမှန်တယ်။ ကံကောင်းထောက်မစွာနဲ့ ကုမျန်မှာ ခံနိုင်ရည်အား လုံလုံလောက်လောက်ရှိပြီး သူမရဲ့အမူအရာက မပြောင်းလဲသွားခဲ့ဘူး။

ရှောင်းကျူက အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ဗလုံးဗထွေး‌ဖြစ်နေပြီး စကားတွေပါထစ်ကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်။

ကုမျန်က fangirl‌ လေးရှောင်းကျူကို ကူညီဖို့ ရည်ရွယ်ထားတယ်။ လမ်းတလျှောက်မှာ  နာရီအနည်းငယ် တူတူကုန်ဆုံးပြီးနောက်၊ လက်ထောက်တစ်ဦးဖြစ်တဲ့ ရှောင်းကျူက သူမကို တကယ်အရေးထားပြီး လက်ထောက်တစ်ယောက်လုပ်နိုင်တဲ့ အကောင်းဆုံးမှန်သမျှကို လုပ်နိုင်ခဲ့တယ်လေ။

."လော့လောင်ရှီး ရှင်...." အဲ့ဒီစကားထွက်လာတာနဲ့တပြိုင်နက် မူလပိုင်ရှင်က သူ့ကို ချယ်ချယ်လို့ခေါ်တာကို ကုမျန်သတိရသွားပေမယ့်လည်း သူမကတော့ သူ့ကို လော့လောင်ရှီးလို့ပဲ ခေါ်လိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now