Chapter 90

526 80 0
                                    

Unicode

လူအချို့က အစောင့်အကြပ်‌မေ့လျော့စေတဲ့ ရောင်ဝါတွေနဲ့ မွေးဖွားလာကြတယ်။

ကုမျန်က ထိုသို့သောလူအမျိုးအစားမှာ ပါ၀င်ဖို့ဖြစ်လာခဲ့တယ်။

သူမရဲ့ရောင်ဝါက သန့်ရှင်းကြည်လင်ပြီး ရန်လိုခြင်းမရှိပေ။ အဖွားအိုရဲ့အမြင်အရ ကုမျန်က လော့ချယ်လိုမျိုး အေးစက်စက်ဖြစ်ပြီး လက်လှမ်းမမှီနိုင်သလိုမျိုးနဲ့ ၀င့်ကြွားမှုလည်းမရှိသလို လီရှောင်းဟယ်လိုမျိုး စွဲမက်ဖွယ်ကောင်းပြီး ရိုင်းစိုင်းမှုလည်းမရှိပေ။ ကုမျန်၊ သူမက လူတွေကို စိတ်သက်တောင့်သက်သာဖြစ်စေတယ်။

အဘွားအိုက စားသောက်ဖို့ တူသုံးချောင်းထပ်ထည့်ရမှာကြောင့် တခဏမျှ တုံ့ဆိုင်းသွားတယ်။ သူမ လက်ခံခါနီးမှာ ကင်မရာမင်းက ကမန်းကတန်း ရှေ့တိုးလာပြီး"ဟေး ဟေး၊ မင်းတို့ အဲလိုလုပ်လို့မရဘူး"

လီရှောင်းဟယ်က သူမတို့စားရတော့မယ့် အစားအသောက်ကို မစားရတော့မှာစိုးလို့ ကင်မရာမင်းရှေ့မှာ ရပ်ပြီး နိုးနိုးကြားကြားနဲ့ မေးလိုက်တယ်။ "ဘာလို့လုပ်လို့မရတာလဲ" အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်မှာ သူမက မောပန်းနွမ်းနယ်နေပြီဖြစ်ပြီး ပူပူနွေးနွေးအစားအစာလေးမစားရသေးခင် ထိုင်ချပြီး ကောင်းကောင်းအနားယူချင်နေတယ်။

ဆောင်းရာသီမှာ ပူပူနွေးနွေးအစားအစာလေးတွေ စားရတာက အရမ်းဇိမ်ရှိတယ်လေ။

ကင်မရာမင်းက ရှင်းပြဖို့ အချိန်မရသေးခင် လင်ချန်အန်းက ပြုံးပြီး ရှင်းပြတယ်။ "မစ်ရှင် ပြီးအောင်လုပ်ရမယ်လေ အဖွဲ့ရဲ့ လိုအပ်တာတွေနဲ့ ဖလှယ်ဖို့အတွက် သကြားလုံးသုံးရမယ်လို့ ပရိုဂရမ်အဖွဲ့က ပြောထားတယ် ငါတို့လည်း ဒီလိုပဲလုပ်မှာ မင်းတို့က မင်းတို့ရဲ့ သကြားလုံးကို အခု ဘာနဲ့မှ မဖလှယ်ရသေးဘူး.."

နဉ်နဉ်နဲ့အခြားသူတွေက လော့ချယ်တို့အဖွဲ့ အောင်မြင်နိုင်မလားလို့ ထင်ကြေးပေးနေကြပြီး သူတို့က အနီးအနားမှာ ရှိနေကြတာဖြစ်ကာ အဝေးကနေ စောင့်ကြည့်နေခဲ့ကြတယ်။

မဟုတ်ဘူး၊ တစ်ခုခုဖြစ်သွားတာနဲ့တပြိုင်နက် သူတို့အဖွဲ့သားသုံးယောက်က စည်းလုံးသွားကြတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now