Chapter 41

1K 139 4
                                    

Unicode

ကုမျန်က ဒီကိစ္စကို အကျယ်မချဲ့ချင်ပေမယ့် လော့ချယ်က သွေးစွန်းနေတဲ့လက်ကို မြင်ထားပြီးသားပါ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး "အဲဒါ ဘာလဲ"

ရှောင်ကျုးက ကိစ္စ‌တွေကို အစကနေအဆုံးထိ ကူရှင်းပြပေးလိုက်တယ်။

လော့ချယ်ရဲ့မျက်ခုံးက ပိုတင်းကျပ်သွားပြီး "အဲ့ဒီလူက အရမ်းအန္တရာယ်များနိုင်လောက်တယ်"

ကုမျန်က ဒါကို သဘာဝအလျောက်သိပြီး သူမမှာ အခုချိန်ထိ စိုးရွံ့မှုအချို့ ရှိနေဆဲဖြစ်တယ်။

"မင်း ရဲခေါ်ထားပြီးလား?"

ကုမျန်က ခေါင်းခါလိုက်ပြီး "ခေါ်ဖို့အချိန်မရှိသေးလို့"

လော့ချယ်က ခဏလောက်စဉ်းစားလိုက်ပြီး "မင်း ကိုယ့်ကိုယုံရင် ကိုယ်နဲ့ထားခဲ့လိုက်လို့ရတယ်"

သူမ အနည်းငယ် အံ့သြသွားပေမယ့်လည်း လော့ချယ်က သူမရဲ့ချစ်သူကောင်လေး ဖြစ်နေဆဲပင်။ သူက သဘာ၀အလျောက် ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်ဘူး။

ကုမျန်က ခေါင်းညိတ်ပြီး "ကောင်းပါပြီ"

ထိုအချိန်မှာပဲ တကယ့်အသားကင်ဆိုင် အရောက်ပို့သမားကရောက်ရှိလာပြီး ပို့ဆောင်ပေးတဲ့သူက လေးလေးနက်နက်မျက်နှာထားတွေ ဖြစ်နေကြတဲ့ လူသုံးယောက်ကိုတွေ့ပြီး တိုးတိုးလေးပြောလာတယ်။ "အသားကင်ရောက်ပါပြီ စောင့်နေရတာကြာပြီလား တောင်းပန်ပါတယ်၊ အသားကင်က ဖြည်းဖြည်းချင်းလုပ်နေလို့ အကင်ကဒီမှာပါ bad review(မကောင်းတဲ့သုံးသပ်ချက်)တော့ မပေးပါနဲ့နော် ကျေးဇူးပါ"

ရှောင်ကျူးက ပထမတော့ စိတ်ဓာတ်ကျနေသေးတယ်။ အဲ့ဒီစကားတွေကိုကြားတော့ သူမက ရယ်မောလိုက်ပြီး "စိတ်မပူပါနဲ့၊ ကျွန်မ ရှင့်ကို bad review(မကောင်းတဲ့ သုံးသပ်ချက်)မပေးပါဘူး"

ထိုအဖြစ်အပျက်ပြီးနောက်မှာ ရှောင်ကျူးနဲ့ကုမျန်က အသားကင်စားဖို့ရန် စိတ်မဝင်စားတော့ပေ။

ရှောင်ကျူးက သူမအခန်းထဲကို စောစောပြန်သွားပြီး ကုမျန်လည်း တံခါးကိုပိတ်ကာ လုံခြုံစွာသော့ခတ်လိုက်တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now