Chapter 70

704 90 0
                                    

Unicode

တိုတိုပြောရရင်၊ ပင်မမီဒီယာတော်တော်များများက ကုမျန်နဲ့ပတ်သက်တဲ့ ကောင်းသတင်းတွေကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီသတင်းနဲ့အတူ ကော်ဇောနီပေါ်မှာ ခန်ယန်ယန်က ကျူးလီယဲ့ကို ကျော်ဖြတ်ပြီး ရေပန်းစားစေခဲ့တဲ့ သတင်းခေါင်းစဉ်တစ်ခုလည်း ရှိတယ်။

ဒီလိုနဲ့ ခန်ယန်ယန်က သူမလိုချင်တာကို ရခဲ့တာပေါ့။

ကုမျန်ကို weiboကို အကြိမ်အနည်းငယ်လောက် လျှောက်ကြည့်လိုက်သေးတယ်။ သူမ ဖုန်းပိတ်တော့မယ့်အချိန်မှာပဲ ခန်ယန်ယန်ဆီက ဖုန်းဝင်လာခဲ့တယ်။

ကုမျန်က ခန်ယန်ယန် သူမကို သတင်းကောင်းပြောပြဖို့ ဆက်လာတာပဲလို့တွေးပြီး ဖုန်းပြန်ဖြေလိုက်တယ်။

"ဂုဏ်ယူပါတယ်"

ခန်ယန်ယန်က သိသိသာသာပြုံးနေပြီး "ကုရှောင်မျန် ၊ ပြောရရင် ဒါတွေအကုန်လုံးက နင့်ကျေးဇူးကြောင့်ပါပဲ"

ကုမျန်က ခေါင်းခါလိုက်ပြီး "မဟုတ်တာ၊ အဓိက,က နင်ကိုယ်တိုင်က ကြိုးစားလို့ပဲ"

ကော်ဇောနီပေါ်မှာ ရင်သပ်ရှုမောဖွယ်ရာ သွင်ပြင်ဖြစ်နေအောင် ခန်ယန်ယန် ဘယ်လောက်ကြိုးစားခဲ့တယ်ဆိုတာ သူမအသိဆုံးပဲလေ။

ဘယ်သူကမှ လွယ်လွယ်နဲ့ မအောင်မြင်နိုင်ဘူး။ သူများတွေရှေ့မှာ တောက်ပပြီး လှပတဲ့သွင်ပြင်ဖြစ်နေဖို့အတွက် သူတို့တွေ ချွေးဘယ်လောက်ကျအောင် ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့ပဲသိတယ်။ ဥပမာ ခန်ယန်ယန် ။ ကော်ဇောနီပေါ်မှာ သူမရဲ့ ကြော့ရှင်းလှပတဲ့သွင်ပြင်ကို ပြသဖို့အတွက် သူမက တစ်ပတ်လုံး အစာနည်းနည်းပဲစားခဲ့ရတယ်။ လမ်းဘယ်လိုလျှောက်ရမယ်ဆိုတာကိုလည်း ပရော်ဖက်ရှင်နယ်မော်ဒယ်နည်းပြကို သင်ပေးခိုင်းတယ်။

ဒါက ကော်ဇောနီပေါ်မှာ သူမ ဘာကြောင့် ကောင်းကောင်း ဖျော်ဖြေနိုင်ခဲ့ရလဲဆိုတာပဲ။

လည်ဆွဲ၀တ်ထားရင်တောင် သူမသာအလုပ်မကြိုးစားခဲ့ရင် လက်ရှိရလဒ်ကောင်းတွေကို သူမ မြင်ရမှာမဟုတ်ဘူးလေ။

ခန်ယန်ယန်က ဖုန်းထဲကနေ နှစ်ခါ ရယ်မောလိုက်တယ်။ ဒါက ကျူးလီယဲ့ကို အချိန်အကြာကြီး နင်းခြေထားဖို့ လုံလောက်တယ်။ သူမက ရယ်မောပြီးနောက် အတင်းအဖျင်းစပြောတော့တယ်။ "ကုရှောင်မျန်၊ ငါ နင့်ကို အတင်းအဖျင်းပြောဖို့ ခေါ်လိုက်တာ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now