Chapter 22

1.1K 157 2
                                    

Unicode

လက်ထောက်က ရိုက်ကူးရေးအချိန်ဇယား နှောင့်နှေးသွားမှာကို စိုးရိမ်တာကြောင့် အော်ဟစ်လိုက်ပြီး မြေခွေးလေးကို အလျင်အမြန်လိုက်ဖမ်းတယ်။

ဒါပေမဲ့ မြေခွေးလေးက လှုပ်ရှားမှုမြန်ဆန်ပြီး လက်ထောက်ရဲ့လက်တွေကနေ လွတ်မြောက်ဖို့ ခုန်ပေါက်လိုက်တယ်။ သူက လော့ချယ်ရဲ့ ခြေထောက်တွေဆီပြေးသွားပြီး လက်သည်းတွေကို အမြန်ဆန့်ထုတ်လိုက်ကာ သူ့၀တ်ရုံကို အကြိမ်ပေါင်းများစွာ ကုတ်ခြစ်လိုက်တယ်။ သူ့ကို မကျေနပ်သလိုမျိုး ကုတ်ခြစ်ပြီး စူးစူးရှရှ အော်ဟစ်နေခဲ့တာ။

မြေခွေးငယ်လေးရဲ့ မမျှော်လင့်ထားတဲ့ အပြုအမူကို မြင်ပြီးနောက် ကုမျန် မသိစိတ်ကနေ လော့ချယ်ကို ရှက်ရွံ့စွာကြည့်မိသွားတယ်။

သူမက မြေခွေးလေးကို မမွေးမြူထားပေမယ့်လည်း ကုမျန်က မြေခွေးလေးကို သူမရဲ့အိမ်မွေးတိရစ္ဆာန်အဖြစ် မှတ်ယူထားပြီးဖြစ်တယ်။

မြေခွေးလေးက အရှုပ်တွေလုပ်နေတာကြောင့် သူမရဲ့အိမ်မွေးတိရစ္ဆာန်လေးက နာခံမှုမရှိဘဲ လော့ချယ်နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို ပြသနာဖြစ်‌စေမိတယ်လို့ သူမခံစားရတယ်။

ဒါကြောင့် သူမရဲ့အမူအရာထဲမှာ ရှက်စိတ်နဲ့ ရှက်ရွံ့မှုတချို့ရှိနေခဲ့ပါတယ်။

အဲ့ဒီအခိုက်အတန့်မှာ လော့ချယ်က ကုမျန်ကိုကြည့်ပြီး ပြုံးလိုက်တယ်။

ဒီအပြုံးက ရေခဲနဲ့နှင်းတွေကို အရည်ပျော်စေမယ့် နွေးထွေးတဲ့နေရောင်နဲ့ နွေဦးလေပြေလိုမျိုးပဲ။ဒါက  လော့ချယ်ရဲ့မျက်၀န်းအောက်ရှိ အညိုရောင်မှဲ့ငယ်လေးကို ရုတ်တရက် အသက်ဝင်လာစေတယ် ။ အခန်းထဲမှာ နွေဦးရဲ့အလင်းရောင်တွေ ပြည့်နှက်နေပုံရပြီး ဆောင်းဦးနှောင်းပိုင်းရဲ့အအေးဓာတ်အမြောက်အမြားကို ရုတ်တရက်လွင့်ပြယ်သွားစေတော့တယ်။

"Cut! အောင်မြင်တယ်"

အဲဒါကိုကြားတော့ သူမ အောင်အောင်မြင်မြင်နဲ့ နောက်တစ်ကြိမ် ကောင်းကောင်းရိုက်ကူးပေးနိုင်ခဲ့တယ်ဆိုတာ ကုမျန် ရုတ်တရက် သဘောပေါက်သွားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now