Chapter 99

441 81 0
                                    

Unicode

လှေသမားက ထိုစကားကိုကြားတော့ ရယ်မောလိုက်ပြီး စီးကရက်ကို နောက်တစ်ဖွာသောက်လိုက်တယ်။ သူက လီရှောင်းဟယ်ရဲ့ ဟာသကို စိတ်ထဲမထည့်လိုက်ဘူး။

ဆန့်ကျင်ဘက်အနေနဲ့ လော့ချယ်က ကုမျန်ကို လေးလေးနက်နက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်က သေးငယ်တဲ့အကွေးလေးတစ်ခု မြင့်တက်သွားခဲ့တယ်။

လီရှောင်းဟယ်ပြောတဲ့စကားက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေတယ်။

ကုမျန်က ကံကောင်းစေတဲ့ကြယ်လေးဖြစ်ပြီး သူ့ရဲ့ကံကောင်းစေတဲ့ကြယ်လေးပင်။

လှေသမားက စီးကရက်သောက်ပြီးတာနဲ့ ပြောလာတယ်။ "အိုကေ၊ ပြန်ကြစို့ ဒီငါးတွေက မင်းတို့ ပထမနေရာယူဖို့ လုံလောက်ပြီ"

လီရှောင်းဟယ်က ပြုံးလိုက်ပြီး "ဒါဆို ကျွန်မတို့ ပထမနေရာမရရင်ရော ဘယ်လိုလုပ်မလဲ"

လှေသမားက သူ့လက်ကို ရဲရဲဝံ့၀ံ့ဝှေ့ယမ်းလိုက်ပြီး “မင်းတို့ ပထမ မရရင် ငါ့ငါးတွေ မင်းတို့ကိုပေးမယ်"

လှေပေါ်မှာ ရယ်မောသံတွေ ခဏလောက် ပျံ့လွင့်သွားတော့တယ်။

ကုမျန်နဲ့တခြားသူတွေ ငါးဖမ်းပြီး ပြန်လာတဲ့အချိန်မှာ လင်ချန်အန်းနဲ့ သူ့အဖွဲ့က ငါးဖမ်းပိုက်ပြန်ပြင်ပြီး ငါးရှာဖို့ ရောက်လာကြရုံသာရှိသေးတာပင်။

နဥ်နဥ်က သူမတို့ပြန်လာတာကိုမြင်ပြီး တစ်ဖက်က ခပ်ငြိမ်ငြိမ်နေနေတဲ့ ကျန်းကျစ်ကို ပြောလိုက်မိတယ်။"ဟေး သူတို့ပြန်လာပြီလား ဒီငါးတွေအားလုံး သူတို့ဖမ်းမိလာတာလား?"

ကျန်းကျစ်မှာ ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိပြီး ရှက်ရွံ့စွာပြုံးကာ "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

လင်းချန်အန်းက လက်ပိုက်လိုက်ပြီး "နဉ်နဉ် မင်း ဒီလောက်ကိုယ်ကျင့်တရားမရှိဖြစ်ပြီး မင်းရဲ့သိက္ခာကို ဖျက်ဆီးဖို့ မလိုပါဘူး"

လင်ချန်အန်းက နဉ်နဉ်အတွက် စကားကူပြောပေးခဲ့ပေမယ့် အဘွားအိုရဲ့ ကြိမ်းမောင်းခြင်းကိုသာ ခံခဲ့ရဆယ်။ သူက အနည်းငယ် စိတ်မသက်မသာဖြစ်နေပြီး တစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားရတယ်။ ဒါကြောင့် နဥ်နဥ်အပေါ်ထားတဲ့ သူ့ရဲ့သဘောထားတောင် မကောင်းမွန်တော့ဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now