Chapter 66

710 94 0
                                    

Unicode

တစ်ညလုံး အလုပ်လုပ်ပြီးနောက်၊ ကုမျန်လည်း အနည်းငယ် ပင်ပန်းနေခဲ့ပြီ။ မျက်လုံးမှိတ်ပြီး အနားယူတော့မယ့်အချိန် ရှောင်ကျူးက စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့နားထဲ အော်ဟစ်လာတယ်။"မျန်းမျန်၊ ဟိုကိုကြည့်ဦး၊ အဲ့ဒါက လော့လောင်ရှီးရဲ့ကားနဲ့တူတယ်"

ကုမျန် သူမရဲ့မျက်၀န်းတွေကို ချက်ချင်း ပြန်ဖွင့်လိုက်မိတယ်။

အစောပိုင်းက လူတွေအများကြီးရှိနေတာကြောင့် လည်ဆွဲကို လော့ချယ်ဆီပြန်ပေးဖို့ သူမအချိန်မရခဲ့ဘူး။

ကုမျန်က ယာဉ်မောင်းကို အော်ပြောလိုက်တယ်။"အဲဒီကားနောက်ကို မောင်းပေးပါ"

တစ်ဖက်လူက ကုမျန်ရဲ့ကားကို မှတ်မိသွားလို့ဖြစ်‌လောက်တယ်။ခဏကြာပြီးနောက် လမ်းပေါ်မှာ ကားရပ်သွားခဲ့တယ်။

ညဉ့်နက်နေပြီ။ လမ်းပေါ်မှာ  လမ်းသွားလမ်းလာတွေနဲ့ ယာဉ်အစီးရေ အများအပြားမရှိပေ။

ကုမျန်က ကားတံခါးဖွင့်ကာ ကားပေါ်မှ ဆင်းလိုက်ပြီးနောက် လော့ချယ်ရဲ့ကားရှေ့ကို ရွရွကလေးပြေးသွားခဲ့တယ်။

သူမ တံခါးမခေါက်ရသေးခင်မှာပဲ ကားတံခါးက ပွင့်သွားတယ်။

သူမဘာသာ ကားပေါ်တက်ဖို့လုပ်တော့ လက်တစ်ဖက်က သူမလက်လေးကို အမြန်ဆွဲကာ ကားထဲရောက်အောင် အားနဲ့ဆွဲတင်ပေးလာတယ်။

ကုမျန် မော့ကြည့်လိုက်တော့ လော့ချယ်ရဲ့ နက်ရှိုင်းတဲ့ သောက်ရှူးကြယ်လိုမျက်၀န်းတွေကို မြင်လိုက်ရတယ်။

ကားခေါင်မိုးပေါ်ရှိ လိမ္မော်ရောင်ဖျော့ဖျော့အလင်းတန်းကို ဆန့်ကျင်လျက် လော့ချယ်ရဲ့မျက်၀န်းတွေထဲ မီးပွားလေးတွေ ထောင်ချီရှိနေပုံရပြီး တောက်ပကာ ပြိုးပြိုးပြက်ပြက်လင်းလက်နေလေတယ်။

သူ့မျက်၀န်းအောက်ခြေမှ အလင်းရောင်က သူမဝတ်ထားတဲ့ ပန်းရောင်ဂလက်ဆီထဲက အလင်းရောင်ထက်မနည်းသလို နိမ့်လည်းမနိမ့်ကျနေဘူး။

ဒါက ဒီညအတွင်း သူမလက်ကို သူဒုတိယအကြိမ်မြောက် ကိုင်တာပဲ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now