Chapter 69

705 87 1
                                    

Unicode

ကုမျန်တောင် မပေါ်လာရသေးဘူး။ သူမရဲ့နှစ်လိုဖွယ်ကောင်းမှုက သူ့ဒုတိယဦးလေးရဲ့ စိတ်နှလုံးသားကိုဖွင့်ဟနိုင်ခဲ့ပြီး သူ့စိတ်ကိုရွှင်လန်းစေကာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့တယ်။

ဒါကမှ လော့ချယ်ရဲ့koi မဟုတ်သေးရင် ဘာဖြစ်ဦးမှာလဲ။

အရင်ကတော့ ကုမျန်မှာ ရူးကြောင်ကြောင်ကံကောင်းမှုမျိုး ရှိတယ်လို့ လော့ကျစ်ယွီထင်ခဲ့ပေမယ့် သူမရဲ့အနီးနားကလူတွေကို ကံကောင်းစေမယ်လို့တော့ သူမမျှော်လင့်ထားမိခဲ့ဘူး။

လော့ချယ်က အသံတိုးတိုးပြုလိုက်တယ်။

သူ့အသံက နှုတ်ခမ်းနဲ့သွား နှစ်ခုကြားမှာပဲရှိနေပြီး သူ့ကိုယ်သူ ပြောနေသလိုဖြစ်နေကာ သူ့ဘေးနားက လော့ကျစ်ယွီတောင် မကြားရဘူး။

လော့ချယ်က ကုမျန်ကို သူ့မိဘတွေနဲ့ အမြန်ဆုံးတွေ့ပေးဖို့ အမှန်တကယ်ပင် စီစဉ်ခဲ့တယ်။ နောက်ဆုံးတော့ သူ့အဖေက ‌ဆုံးပါးတော့မှာဖြစ်ပြီး သူမထွက်သွားခင်မှာ သူ့ချစ်သူကောင်မလေးကို တွေ့ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သူ့အဖေ ကုမျန်ကို TV မှာ မြင်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်။ နောက်ပိုင်းမှာ သူက သူမကို သူတို့ဆီ ခေါ်သွားချင်ခဲ့ပေမယ့် သူ့အဖေက ငြင်းလိုက်တယ်။

သူတို့ကို မကြာခင်မှာ တွေ့ရတော့မယ်ဆိုတဲ့အကြောင်း ကလေးမလေးလက်ခံတာကို စောင့်လိုက်ဦးလို့ သူ့အဖေကပြောခဲ့တယ်လေ။

သူမက အလုပ်အရမ်းများတာကြောင့် သူတို့ကို လာတွေ့မယ့်အစား အားလပ်ချိန်တွေမှာ အနားယူနေတာက ပိုကောင်းတယ်တဲ့။

သူ့အဖေကဒီလိုပြောတော့ ကုမျန်ကို အိမ်ခေါ်သွားမယ့် သူ့အစီအစဉ်ကို ခဏတာ နှောင့်နှေးလိုက်ရတာပေါ့။

အခု အခြေအနေတွေ ပြောင်းလဲသွားတော့ အလျင်စလိုပေးတွေ့မယ့်အစား ပိုသင့်တော်တဲ့ အချိန်ကိုရောက်မှ နောက်ပိုင်းမှာ သူမကို သူခေါ်သွားလို့ရတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now