Chapter 15

1.2K 156 0
                                    

Unicode

ဒါပေမယ့် ကုမျန်က ပုံမှန်လမ်းကြောင်းအတိုင်း မလျှောက်ပဲ သူမကိုယ်သူမ တကယ်ကြီးhot search ပေါ် ထပ်ရောက်စေလိမ့်မယ်လို့  သူဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ဘူး။

အနုပညာရှင်အများစုက ဒီလိုပြဿနာဖြစ်စေမယ့်အကြောင်း ပြောတာကနေ ရှောင်ကြဉ်ကြတယ်။ ကုမျန်က အဖြေကို ပြန်ဖြေရုံတင်မကပဲ အမှန်တရားကို အရမ်းကြီး ရိုးရိုးသားသားပြောလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

လော့ကျစ်ယွီက သူ့မေးစေ့ကိုထိလိုက်ပြီး သူ့လုပ်ဖော်ကိုင်ဖက် လီနန်အတွက် နည်းနည်းလေး စိတ်မကောင်းဖြစ်သွားရတယ်။

ဒုက္ခတွေဖြစ်စေမယ့် အနုပညာရှင်တစ်ယောက် ရှိရတာက ခေါင်းကိုက်နေရမှာပဲ။

ကံကောင်းထောက်မစွာနဲ့ လော့ချယ်က သူ့ကို ခေါင်းမကိုက်စေခဲ့ဘူး..။

လော့ကျစ်ယွီတွေးနေတုန်းမှာပဲ လော့ချယ်က သူ့ရဲ့ Weibo ကိုဖွင့်ပြီး ပို့စ်ထဲက Like ခလုတ်ကို နှိပ်လိုက်တာ တွေ့လိုက်ရတယ်။

Likeလား?

Like!

သူ အဲ့ဒါကိုမြင်တဲ့အခါ အော်လိုက်တယ်။" လော့ချယ် မင်းဘာလုပ်တာလဲ"

လော့ချယ်က weiboက‌နေ ထွက်လိုက်ပြီး *Dou Dizhu (ကတ်ဂိမ်း)ကို စိမ်ပြေနပြေနဲ့ နောက်တစ်ကြိမ် ဖွင့်လိုက်ကာ ပေါ့ပါးတဲ့လေသံနဲ့ ပြောလိုက်တယ်။"ငါ likeလုပ်လိုက်တာ"

အခြားတစ်ဖက်မှာတော့ လီနန်ရဲ့ဆံပင်က အဖြူရောင်ဖြစ်သွားလုနီးပါးပင်။

ကုမျန် ဇာတ်ကောင်လုယူတယ်ဆိုတဲ့ သတင်းက နောက်ဆုံးတော့ ဖိနှိပ်ခံလိုက်ရပေမယ့် 'အံ့အားသင့်စရာ!!! ကုမျန်က တကယ်ကြီး သူမကိုယ်သူမ ဖျက်ဆီးနေတာပဲ ၀မ့်ရှားရဲ့ အမျိုးသမီးဇာတ်ဆောင်ဇာတ်ကောင်ဖြစ်တဲ့ လူကြိုက်များတဲ့ပန်းပွင့်လေးကို လုယူတာက လော့ချယ်အတွက်ပဲတဲ့" Weibo က ဗိုင်းရပ်စ်ထပ်၀င်သွားပြီး ယင်းအဖြစ်အပျက်က နောက်ကွယ်မှ ထိန်းချုပ်မှုအနည်းငယ်ကြောင့် အလွန့်အလွန်ကြီးမားလာတော့တယ်။

ဖျော်ဖြေရေးနယ်ပယ်မှာ ကြီးမားတဲ့ ဒါမှမဟုတ် သေးငယ်တဲ့ကိစ္စတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေပေမယ့် ဘယ်လောက်ပဲ အသေးအဖွဲလေးပဲဖြစ်ဖြစ် လော့ချယ်ဆိုတဲ့ နာမည် အဲ့ဒီကိစ္စထဲ တစ်ခါလောက်ပါလာလိုက်တာနဲ့ လူအများမျက်စိကျချင်စရာ ကိစ္စကြီးတစ်ခု ရုတ်တရက်ဖြစ်သွားလိမ့်မယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now