Chapter 56

813 102 0
                                    

Unicode

လော့ကျစ်ယွီက သူနားကြားမှားနေတာလို့ ထင်သွားတယ်။ "ဘာကြီး"

လော့ချယ်က ဖုန်းကိုမြှောက်ပြလာပြီး သူတို့ထဲက တစ်ခုကို နှိပ်လိုက်ကာ "ဒါလေ ဒီစာရင်းကနေ ငါ သူမကို ဘယ်လို sopportရမလဲ"

Group ထဲက တစ်ယောက်ယောက်က ပို့စ်တင်နေတာတွေ့ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ သူမသိဘူးလေ။

လော့ချယ်က ကြယ်ပွင့်ဖြစ်လာတာ နှစ်များစွာကြာပြီ‌ဖြစ်ပေမယ့်လည်း အချို့အရာတွေကို သူအာရုံမစိုက်မိခဲ့ပေ။

အခြားသူတွေကို supportဖို့အကြောင်းရင်း သူ့မှာ ဘယ်တုန်းကမှမရှိခဲ့ဘူး။

အဲ့ဒီစကားကိုကြားတော့ လော့ကျစ်ယွီ သူ့ပါးစပ်ကို မဖွင့်လို့မရတော့ပေ။

သူမကို voteလိုက်ရုံပဲ မဟုတ်ဘူးလား? သူက အခု Fan Clubထဲ ဝင်ပြီး၊ ဓာတ်ပုံတွေတောင်သိမ်းပြီး သူမကို supportနေတယ်။ လော့ကျစ်ယွီက ခွေးစာတွေ ပါးစပ်အပြည့် အကျွေးခံလိုက်ရသလို ခံစားလိုက်ရတယ်။

သူက သူ့ကောင်မလေး ထောင်ရှောင်းလီကို ဗီဒီယိုချတ်လုပ်ဖို့ ဖုန်းခေါ်ဆိုပြီးနောက် သူမကို လွမ်းတယ်လို့သာ ပြောလိုက်ချင်တော့တယ်။

လော့ချယ်နားမလည်ရင် အေးဂျင့်တစ်ဦးဖြစ်တဲ့ လော့ကျစ်ယွီလည်း သဘာဝအတိုင်း နားလည်နိုင်မှာမဟုတ်ပေ။

လော့ချယ်က IQ မြင့်မားတာကြောင့် အရာများစွာကို လျင်မြန်စွာလေ့လာသင်ယူခဲ့ပြီး မကြာခင်မှာပဲ စတားတစ်ယောက်ကို ဘယ်လိုကူညီရမလဲဆိုတာ သိသွားတယ်။

"@မျန်းမျန်ရဲ့သစ်သားအိမ်လေး : #CelebrityALLList#@ကုမျန် ငါ နင့်ကို အမြဲအားပေးနေမယ်! #CelebrityALLList# ရဲ့ ပထမနေရာကို ရယူလိုက်ကြရအောင် @Super support"

လော့ကျစ်ယွီက လုံးဝကို ကြက်သေ,သေနေပြီး "ကောင်းပြီ၊ မင်းဘာသာမင်း ကစားလို့ရနေတာပဲ"

တစ်ဖက်မှာ‌တော့ ရှောင်ကျူးက သူမအင်တာနက်ပေါ်မှာ လော့ချယ်ကိုvoteခဲ့တာကြောင့် ဘယ်လောက်တောင် ရုတ်ရုတ်သဲသဲဖြစ်သွားရတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ တစ်နာရီကုန်လွန်သွားပြီပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now