Chapter 24

1.1K 137 1
                                    

Unicode

မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေကို ရိုက်ကူးဖို့ သူမသင်ယူချင်တယ်။

ဖျောဖြေရေးနယ်ပယ်ထဲ သူမစတင်ဝင်ရောက်ပြီးနောက် တိုးတက်လာနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သရုပ်ဆောင်သင်တန်းတွေ စာရင်းသွင်းတယ်၊ သင်တန်းတက်ပြီး လေ့ကျင့်ခဲ့ပေမယ့်လည်း အချိန်တိုင်းမှာ ရလဒ်တွေက မကောင်းမွန်ခဲ့ဘူး။

"Ask the Immortal" ရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ပူးပေါင်းပြီးနောက် ကုမျန်က အရည်အချင်းရှိပြီး အရှိန်အဝါရှိကာ မောက်မာမှုမရှိတာကိုတွေ့လိုက်ရတာကြောင့် သူမက ကုမျန်ကို အကြံဉာဏ်တောင်းချင်ခဲ့ခြင်းဖြစ်တယ်။

ကုမျန်က ခန်ယန်ယန်အပေါ် အထင်အမြင်ကောင်းရှိပြီး သူမရဲ့ သက်၀င်တက်ကြွတဲ့ စိတ်နေစိတ်ထားက ဖျော်ဖြေရေးနယ်ပယ်မှာ ရှားရှားပါးပါး စစ်မှန်တဲ့စိတ်ထားပင်။

ဒါပေမယ့် ကုမျန်လည်းပဲ အရမ်းကို ကူကယ်ရာမဲ့နေတယ်။ သူမမှာ အခြားသူတွေကို သင်ကြားပြသပေးတဲ့အတွေ့အကြုံ အမှန်တကယ်မရှိပေ။ သူမတစ်ယောက်တည်းကသာ ကောင်းတာဖြစ်ပြီး အချိန်တိုင်း ကံကောင်းလို့ ဖြတ်သန်းနိုင်ခဲ့တာပါ။

သူမ အမှန်အတိုင်းပြောတိုင်း ဘာလို့ ဘယ်သူကမှ မယုံရတာလဲ။

ဒါရိုက်တာက သူမကို မယုံသလို ခန်ယန်ယန်ကလည်း မယုံဘူး။

ခန်ယန်ယန်က သူမရဲ့အဖြေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေသေးတာကို တွေ့လိုက်ရတာကြောင့် ကုမျန်က ကြုံရာကျပန်းအဖြေတစ်ခု ပေးလိုက်ရတယ်။ "သရုပ်ဆောင်ခြင်းရဲ့ အရေးအကြီးဆုံးအရာက ကြည့်ရှုပြီးပိုလေ့ကျင့်ဖို့ပဲ ပိုပြီးတော့လေ့ကျင့်တာက အမြဲအကောင်းဆုံးပါပဲ လူတွေ ဘယ်လိုနေထိုင်နေကျလဲဆိုတာကို လေ့လာပါ သရုပ်ဆောင်စွမ်းရည်က နေ့ချင်းညချင်းတော့ မတိုးတက်လာနိုင်ဘူးလေ ဒါပေမယ့် တိုးတက်မှုလုပ်ငန်းစဉ်ကတော့ အမြဲတမ်းရှိနေမှာပဲ အရမ်းကြီးစိတ်မရှည်မဖြစ်ပါနဲ့၊ အချိန်ယူပါ၊ ရှင် သရုပ်ဆောင်တာပိုပြီး ကောင်းမွန်လာလိမ့်မယ်"

ကုမျန်က ပေါက်ကရတွေ ပြောနေပေမယ့်လည်း ခန်ယန်ယန်ကတော့ ရတနာတစ်ခုအဖြစ် မှတ်ယူထားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now