Chapter 10

1.2K 162 0
                                    

Unicode

ရှောင်ကျူးကိုကြည့်ရတာ အမူအကျင့်ပျက်ပြားနေတဲ့အတိုင်းပဲ "ဒါပေမယ့်  ရေစိုနေတဲ့ လော့လောင်ရှီးက တကယ့်ကိုနှစ်လိုစရာလေး "

ကုမျန်က ထိုစကားကိုကြားပြီး မသိစိတ်ကြောင့် လော့ချယ်ကိုကြည့်မိသွားတယ်။ သူလည်း သူမလိုမျိုး စောင်တစ်ထည်ပတ်ထားပြီး သူ့ခေါင်းပေါ်ရှိ ရေစိုရွှဲနေတဲ့ ဆံပင်တုကိုတော့ ဖယ်ရှားထားပြီးပြီ။ အဲ့ဒီအခိုက်အတန့်လေးမှာ သူက သူ့ရဲ့လိမ်ကောက်နေတဲ့ ဆံပင်တိုလေးတွေကို သုတ်နေတယ်။

ရိုးရိုးသားသားပြောရရင် လော့ချယ်ရဲ့ရုပ်ရည်က ခေတ်သစ်အသွင်အပြင်ဖြစ်ဖြစ် ရှေးခေတ်အသွင်အပြင်ဖြစ်ဖြစ် လုံးဝလိုက်လျောညီထွေဖြစ်တယ်။

သူ့မှာ ဆံပင်တိုတို၊ ဓားအသွင်မျက်ခုံးတွေနဲ့ တောက်ပနေတဲ့ကြယ်လေးတွေလိုမျိုး သောက်ရှူးကြယ်ပမာ မျက်၀န်းလေးရှိတယ်။ သူ့ရဲ့ ခေတ်သစ်အသွင်အပြင်က သူ ချန်းရှန်အဖြစ် သရုပ်ဆောင်စဉ်ကထက် သူ့ကို ပိုချောမောစေတယ်။

ကုမျန်က သူမလက်ထဲမှာ ဂျင်းစွပ်ပြုတ်ပူပူကို ကိုင်ထားပြီး အစ်ကိုနန်ကို "အစ်ကိုနန်၊ ရှင့်မှာ ဂျင်းစွပ်ပြုတ်ရှိသေးလား" လို့ မေးလိုက်တယ်။

အစ်ကိုနန်က ကမန်းကတန်းပြန်ပြောတယ်။ "ငါ သွားလုပ်လိုက်မယ်လေ"

ကုမျန်က ခေါင်းခါလိုက်ပြီး "လော့လောင်ရှီးဆီ တစ်ခွက်သွားပေး,ပေးပါလား"

သူမရေထဲမှာရှိနေတုန်းက‌ လော့ချယ်ကို တင်းတင်းကြပ်ကြပ်ဆွဲခေါ်မိခဲ့တယ်။ ဘယ်သူကမှ မသိပေမယ့်လည်း သူမရေထဲမှာသာ ဆက်နေခဲ့ရင် တကယ်ကြီးရေနစ်လုနီးပါး ဖြစ်သွားနိုင်တယ်ဆိုတာ သူမ စိတ်ထဲမှာသိတယ်။ ဒါကြောင့် သူမက အဲ့ဒီလူကို ဂျင်းစွပ်ပြုတ်တစ်ခွက်ပေးပြီး ကျေးဇူးတင်ကြောင်းပြောချင်ရုံပင်။

ဒါက ဂျင်းစွပ်ပြုတ်တစ်ခွက်လေးပဲ‌လေ။ လီနန်က မူလကတည်းက လော့ချယ်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ ရည်ရွယ်ထားတာကြောင့် သူက ချက်ခြင်းပင် ဂျင်းစွပ်ပြုတ်တစ်ခွက်လုပ်ကာ လော့ချယ်ဆီလျှောက်သွားခဲ့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now