Chapter 104

473 77 5
                                    

Unicode

၀မ်ကောဆီက‌နေ လော့ချယ်ဆိုတဲ့နာမည်ကို ကြားလိုက်ရတော့ လင်ချန်အန်းရဲ့ မှိုင်းညှို့နေတဲ့မျက်လုံးတွေက မီးတောက်လေးတွေလိုမျိုး ပြန်လည်တောက်ပလာခဲ့တယ်။

သူ လော့ချယ်ကိုမေးရင် လော့ချယ် သူ့ကို ကူညီမှာလား။

ကျိန်းသေသလောက်ပဲ!

သူတို့က အရာအားလုံးကို မျှဝေပေးတဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ခဲ့ဖူးတယ်လေ။

၀မ်ကောက သူ့အမူအရာကိုမြင်လိုက်ရတာနဲ့ သူ့စိတ်ထဲဘာတွေတွေးနေမှန်း သိသွားတယ်။

သူက စိတ်ထဲကနေ လှောင်ပြောင်လိုက်တယ်။ လင်ချန်အန်းက သူလုပ်ခဲ့တာတွေကို မေ့သွားပြီလား ?

လော့ချယ်က အတိတ်တုန်းက လော့ချယ်လို့ပဲ သူထင်နေတာလား?

သူ(လော့ချယ်)က အရင်ကလို မဟုတ်တော့ဘူးလေ။

ဒါပေမဲ့ ၀မ်ကောက သူ့ကို မဖြောင်းဖျခဲ့ဘူး။

တစ်ချို့လူတွေက နံရံကိုမထိမချင်း နောက်ပြန်လှည့်မှာမဟုတ်ဘူး။ သူတို့ ဒုက္ခခံစားရမှသာ မှတ်မိသွားမှာ။

----

"Impossible Challenge"ရဲ့ ဒုတိယရာသီမှ တတိယအပိုင်းရဲ့ရေပန်းစားမှုနဲ့အတူ ကုမျန်က ပို,ပိုပြီးလူသိများလာတယ်။

ကုမျန် အတော်နာမည်ကြီးလာတဲ့အတွက် သူမရဲ့နေ့စဉ်ဘ၀က အဆင်မပြေမှုတွေရှိလာတယ်။ အပြင်ထွက်တော့လည်း အပြည့်အ၀ ဖုံးကွယ်ထားဖို့ လိုအပ်ပြီး သူမဘေးနားမှာ သက်တော်စောင့်တွေ အမြဲရှိနေဖို့ပါ လိုအပ်တယ်။ အဲ့လိုမှမဟုတ်ရင် သူမက ရွေ့လျားဖို့တောင် အခက်အခဲရှိနိုင်တယ်။ သူမက စျေးဝယ်စင်တာတွေလိုမျိုး လူများတဲ့နေရာတွေကို မသွားရဲဘဲ မှတ်မိခံရကာ ရုတ်ရုတ်သဲသဲဖြစ်စေမိမှာစိုးတာကြောင့်ပင်။

တိုတိုပြောရရင်၊ကုမျန်က သူမ ရေပန်းစားလာပြီးနောက် သိပ်မကြာခင်မှာ အမေ့ခံလိုက်ရမှာကို မျှော်လင့်နေတာပင်။

သူမက လူများစွာဆီကနေ စောင့်ကြည့်ခံရတာကို မကြိုက်တာကြောင့် ဒါက သူမကို မလွတ်လပ်သလို ခံစားရစေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now