Chapter 73

608 79 0
                                    

Unicode

ကုမျန်က သူမကိုင်ထားတဲ့အရာကို ဝန်ထမ်းမြင်စေဖို့ သူမရဲ့လက်ကို မြှောက်လိုက်တယ်။

ပါးစပ်ကျယ်ကျယ်ဖွင့်ထားတဲ့ အနက်ရောင်မြွေကိုမြင်တော့ ဝန်ထမ်းက ရှော့ခ်ရမှုကြောင့် နောက်ကို ခြေတစ်လှမ်းဆုတ်မိသွားတယ်။ "မင်းလက်ထဲမှာ ဘာရှိနေတာလဲ ငါတို့မှာ မြွေအစစ်တွေ မရှိဘူးလေ လူတွေကိုခြောက်လှန့်ဖို့က အတုတွေ"

ကုမျန်ခေါင်းညိတ်လိုက်တယ်။ သူမမျှော်လင့်ထားသလိုပဲ၊ သရဲအိမ်က အဓိကအချက်မပါဘဲ အလုပ်မလုပ်နိုင်သလို လူတွေကိုခြောက်လှန့်ဖို့ မြွေအစစ်တွေကို အသုံးပြုခဲ့တယ်။

သရဲအိမ်က ၎င်းကိုမလုပ်ဆောင်ရသေးဘူးဆိုကတည်းက တစ်စုံတစ်ယောက်က သူမကို ခြောက်လှန့်ဖို့ မြွေအတုကို တကယ့်မြွေအစစ်နဲ့ တမင်အစားထိုးခဲ့တာပဲ။

အဲဒါကို ဘယ်သူလုပ်တာလဲ။

ဒီလိုလုပ်လိမ့်မယ်လို့ ကုမျန် မြင်ယောင်မိတဲ့ ပထမဆုံးလူကတော့ ၀မ့်ရှားပဲ။

သူမနဲ့၀မ့်ရှားတို့ရဲ့ရန်ပွဲက သေးသေးငယ်ငယ်လည်းမဟုတ်ပေ။ အစပိုင်းဇာတ်ကောင်လုယူတာကနေ နောက်ပိုင်းမှာတော့ သဘောထားကွဲလွဲမှုတွေအားလုံးအထိ၊ သူမနဲ့၀မ့်ရှားကြား ဆက်ဆံရေးက အတော်တင်းမာနေပြီသားပင်။၀မ့်ရှားကလည်း show မှာ ယာယီဧည့်သည်အဖြစ် ပါဝင်ဖို့ ဖြစ်လာခဲ့တယ်။

၀မ့်ရှားသာ ဒီလိုတကယ်လုပ်ခဲ့မယ်ဆိုရင် သူမက တကယ်ကိုမိုက်မဲတဲ့သူလို့ပဲ ပြောနိုင်တယ်။ သူမက သရဲအိမ်မှာ လှည့်ကွက်တွေကို ပြောင်ပြောင်တင်းတင်း လုပ်ခဲ့တယ်။ ဒါပေမယ့် သူမမှာ ဦးနှောက်တစ်ချို့ ရှိနေဆဲဖြစ်တယ်။ သူမက အဆိပ်ရှိတဲ့မြွေကို မသုံးခဲ့ဘူး။ မဟုတ်ရင် ဒီကိစ္စက ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားလိမ့်မှာမဟုတ်ပေ။

ကုမျန်တွေးမိတာကို လော့ချယ်လည်း သဘာဝကျကျပင် တွေးမိတယ်။ သူ့အမူအရာက အုံ့မှိုင်းသွားပြီး သူ့နှုတ်ခမ်းပါးတွေကနေ စကားလုံးနှစ်လုံးကို အေးစက်စက်ပြောလာတယ်။"၀မ့်ရှား"

ကြီးမားလွန်းတဲ့သတင်းကိုကြားလိုက်ရလို့ ဝန်ထမ်းလည်း တုန်လှုပ်ခြောက်ခြားသွားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now