Chapter 103

517 77 0
                                    

Unicode

လော့ချယ်က လင်ချန်အန်းဆီကနေ သစ္စာဖောက်ခံရပြီးနောက်မှာ အခြားသူတွေကို အချိန်အတော်ကြာ မယုံကြည်နိုင်ဖြစ်သွားခဲ့တယ်။ သူသာ လော့ချယ်နဲ့ကြီးပြင်းခဲ့တဲ့ ဝမ်းကွဲမဟုတ်ခဲ့ရင် သူလည်းပဲ လော့ချယ်ရဲ့ယုံကြည်မှုကို အလွယ်တကူရရှိနိုင်လိမ့်မှာမဟုတ်ပေ။

လော့ချယ်က အမြဲတမ်း လျစ်လျူရှုထားပြီး သူ့နှလုံးသားထဲမှာ အရာများစွာကို သယ်ဆောင်ထားလေ့မရှိပေ။ သစ္စာဖောက်ခံထားရလို့ ရိုးသားမှုနဲ့ယုံကြည်မှုကို သူများဆီပေးအပ်ဖို့က လော့ချယ်အတွက် ခက်ခဲသည်ပင်။

လော့ချယ်က ကုမျန်အပေါ် စိတ်အားထက်သန်လာပြီး  ခွေးစာအများကြီးသွပ်ထည့်လာတာက အမြဲတူတူရှိနေခဲ့တဲ့သူ့ကို စိတ်သက်သာရာရစေတယ်။

"Impossible Challenge" က ဆက်နာမည်ကြီးလာတာနဲ့အမျှ ကုမျန် ၊ လော့ချယ်နဲ့ လီရှောင်းဟယ်တို့က ရေပန်းစားလာတယ်။

လီရှောင်းဟယ်က ကုမျန်ရဲ့ ရေပန်းစားမှုနောက်ကို လိုက်လာတာမှန်း ခန်ယန်ယန်သိတယ်။ ရှိုးက ပေါက်သွားပြီးနောက်မှာ သူမ မနာလိုဖြစ်သွားရတယ်။ သူမမှာ လုပ်နိုင်စွမ်းလုံလုံလောက်လောက် မရှိပဲ "Impossible Challenge"ထဲက ယာယီဧည့်သည်ရာထူးကို မရခဲ့တာကြောင့်သာမဟုတ်ရင် သူမ(ကုမျန်)လုပ်သမျှ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ကုမျန်နောက်ကိုတောင် လိုက်ချင်‌နေဦးမှာပင်။။

ကုမျန်က koi လေ။ သူမနဲ့တွဲလုပ်တဲ့သူတိုင်း လူကြိုက်များ၊ရေပန်းစားလိမ့်မယ်။

သူမက အရင်တုန်းက ကံကောင်းသူဖြစ်ခဲ့ပေမယ့်လည်း အခုတော့ လီရှောင်းဟယ်က ကံကောင်းသူဖြစ်တယ်။

နောက်ကံကောင်းသူက ဘယ်သူဖြစ်မလဲဆိုတာကို သူမ မသိဘူး။

ဒါပေမယ့် တချို့လူတွေက ရေပန်းစားပြီး တစ်ချို့ကတော့ ထုံးစံအတိုင်း ဝေဖန်ခံရတယ်။

ရှောင်ဟူရဲ့အဖွား ပြောတဲ့စကားပြီးနောက် နဉ်နဉ်နဲ့ လင်ချန်အန်းတို့နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ထိုးနှက်ခံခဲ့ရတယ်။

[လင်ချန်အန်းနဲ့ နဉ်နဉ်တို့က အဆင်မပြေတာကြာပြီ သူတို့မှာ ဆိုးရွားတဲ့ မျက်နှာပေးရှိတယ် နှစ်ယောက်သားက တကယ်တူတယ်လေ သူတို့ တစ်ဖွဲ့ထဲကျတာ မဆန်းဘူး]

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now