Chapter 59

769 108 0
                                    

Unicode

နောက်သုံးရက်တွင်။

ကုမျန် မိတ်ကပ်ပညာရှင်တစ်ယောက်နဲ့ အဝတ်လဲခန်းထဲမှာရှိနေတုန်း ရှောင်ကျူးက အပြင်ဘက်ကနေ သေတ္တာတစ်ခုကို လျို့၀ှက်ဆန်းကြယ်စွာ ရရှိလာခဲ့တယ်။

သူမက “မျန်းမျန်၊ ကြည့်ဦး”

ကုမျန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဘာကြီးလဲ"

ရှောင်ကျူးက သူမရဲ့မျက်လုံးတွေ မမြင်နိုင်လောက်အောင်ထိ ပြုံးလိုက်တယ်။ သူမက သူမရဲ့ကိုယ်ပိုင်သံစဉ် "ဒန်ဒန်း ဒန်ဒန်း" ကို ပြုလုပ်လိုက်ပြီးနောက် သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်ပြလိုက်တယ်။

အဝတ်လဲခန်းအထက်မှ မီးပန်းဆိုင်းကြီးက တောက်ပနေပေမယ့်လည်း ယင်းရဲ့ တောက်ပတဲ့အလင်းရောင်က သေတ္တာမှထုတ်လွှတ်လာတဲ့ အလင်းရောင်ရဲ့ ဆယ်ပုံတစ်ပုံအောက်သာရှိတယ်။

မိတ်ကပ်ပညာရှင်က အံ့အားတသင့်နဲ့ မပြောပဲမနေနိုင်တော့ဘူး။"အရမ်းလှတာပဲ!"

သေတ္တာထဲမှာထည့်ထားတဲ့ လည်ဆွဲက တန်ဖိုးကြီးတဲ့အသွင်အပြင်နဲ့ အနှိုင်းမဲ့လှပနေခဲ့တယ်။ အဝတ်လဲခန်းထဲက လူတိုင်းက အဲ့ဒါကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မျက်စိကန်းသွားလုမတတ်ပင်။

စိန်လည်ဆွဲရဲ့အလယ်မှာ ထင်းခနဲမြင်သာစေတဲ့ ကြီးမားတဲ့ပန်းရောင်စိန်တစ်လုံးရှိပြီး တစ်ဖက်တစ်ချက်မှာတော့ ပန်းရောင်စိန်အသေး ၁၀၈ လုံးရှိတယ်။ ၎င်းက အရင်လေလံပွဲတွေမှာ အကြိမ်ကြိမ် စံချိန်တင်ခဲ့တဲ့ ပန်းရောင်စိန်ပဲ။ ဒီပန်းရောင်စိန်က ပန်းရောင်စိန်တွေကြားမှာ အကောင်းဆုံးဖြစ်တယ်။ ကြည်လင်ပြတ်သားပြီး အပြစ်အနာအဆာမရှိပေ။ ဖြတ်ထားတဲ့ပုံစံက အတော်လှတယ်။ အဖိုးမဖြတ်နိုင်ဘူး။

တကယ်တော့ ရှောင်ကျူးက လော့ကျစ်ယွီဆီကနေ ဒါကိုယူလာပြီးနောက် ပထမဆုံးဖွင့်လိုက်တာဖြစ်လို့ သေတ္တာထဲကလည်ဆွဲကို သူမမြင်တဲ့အခါ တခဏလောက် မှင်သက်သွားခဲ့တယ်။ ခဏအကြာမှာ သူမက စိတ်လှုပ်ရှားစွာနဲ့ "မျန်းမျန် ဒီလည်ဆွဲက တကယ်လှတယ်၊ နင်နဲ့ လိုက်ဖက်တယ်"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now