Chapter 26

1K 149 0
                                    

Unicode

လော့ချယ်ရဲ့မူလဇစ်မြစ်က နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တယ်။သူက ဟောင်ကောင်ရှိ ချန်းမိသားစုထံပြန်သွားခဲ့ပြီး ချန်းချယ်လို့ နာမည်ပြောင်းလိုက်ကာ ကျိကျိတက်ချမ်းသာကြွယ်ဝတဲ့ ချန်းမိသားစုရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လာခဲ့ပြီး မရောက်ရှိနိုင်တဲ့ တောင်ထိပ်ပေါ်ရှိ နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ပင် ဖြစ်သွားခဲ့တယ်။

ကုတွေရဲ့Global International ကတော့ ကုကော်အန်းရဲ့ ဆုံးဖြတ်ချက်တွေချရာမှာ ဆက်တိုက်ကျရှုံးမှုတွေနဲ့ အရင်းအနှီးပြတ်တောက်မှုကြောင့် ကုမိသားစုက ချက်ချင်းပျက်စီးသွားခဲ့တယ်။ ဒါနဲ့ပဲ မူလပိုင်ရှင်ကလည်း ဖုန့်မှုန့်ထဲ ပြုတ်ကျသွားတော့တယ်။

အဆုံးမှာတော့ ယင်းလျန်နဲ့ချန်းချယ်တို့ကဲ့သို့ပင် မူလပိုင်ရှင်နဲ့ချန်းချယ်ကြားမှာ ဘယ်တော့မှဖြတ်သန်းမသွားနိုင်တဲ့ ကျယ်ပြန့်ပြီး အနားသတ်မရှိတဲ့နဂါးငွေ့တန်းကြီးတစ်ခု ရှိသွားခဲ့တယ်။

မူလပိုင်ရှင်ရဲ့နောက်ဆုံးရလဒ်က သူမရဲ့ကံကြမ္မာဖြစ်နိုင်ဖွယ်ရှိလွန်းတယ်လို့ ကုမျန်တွေးရင်းနဲ့ လော့ချယ်ကို ထပ်ပြီးစိုက်ကြည့်လိုက်ပြန်တယ်။"ဆန်ကုန်မြေလေး"

လော့ချယ်က သူ့နှုတ်ခမ်းထောင့်စွန်းတွေကို ဖိလိုက်တယ်။ သူနဲ့ ကုမျန်မှာ သီးသန့်ရှိ‌နေဖို့ အခွင့်အရေး အများကြီးမရှိခဲ့ပေမယ့်လည်း တဖက်လူက သူ့ရဲ့ချစ်သူကောင်မလေးပါ။ အခုတော့ သူ့ကောင်မလေးက သရုပ်ဆောင်ရာမှာ နက်နက်ရှိုင်းရှိုင်းနစ်၀င်နေပုံရပြီး ချန်းရှန်အပေါ်ထားတဲ့ သူမရဲ့ဒေါသက သူ့ဆီ ကူးပြောင်းသွားတယ်။

ဒါကြောင့် သူ့ကောင်မလေးက သိသိသာသာပင် ဒေါသထွက်နေပုံပေါ်တယ်။ ချစ်သူကောင်လေးတစ်ယောက်အနေနဲ့ သူ သူမကို ချော့သင့်လား။

လော့ချယ်က ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပါ။ ဒါက အလွန်အမင်းခက်ခဲတယ်ဆိုတာကို သူသိလိုက်ရတယ်။ သူ့ရဲ့ပယင်းရောင်မျက်၀န်း‌တွေနဲ့ ကုမျန်ကို သေသေချာချာကြည့်လိုက်ပြီး ဂရုတစိုက်ပြောရတော့တယ်။ "ချန်းရှန်က စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုသာသာပါပဲ လက်တွေ့မှာ ကိုယ်က ချန်းရှန်ဖြစ်လာမှာမဟုတ်ဘူး"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now