Chapter 31

1K 143 4
                                    

Unicode

ကုမျန်က ထိုအချိန်မှာ အနည်းငယ် စိတ်ရှုပ်နေဆဲပင်။ မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီး သူမပထမဆုံးမြင်လိုက်ရတဲ့အရာက  ခန်ယန်ယန်ဆီမှ မက်ဆေ့ခ်ျတစ်စောင်ဖြစ်တယ်။ [National Big Sister တစ်နေ့နေ့ ရှင်နာမည်ကြီးသွားရင် ရှင့်ရဲ့ညီမလေးကို ကူညီပေးဖို့ မမေ့နဲ့နော်[ပြုံးနေတဲ့မျက်နှာ]]

ကုမျန် replyပြန်လိုက်ပြီး တခြားဘာမှ မဖတ်ရသေးခင်မှာ နာနီ၀င်လာပြီး ကုကော်အန်းပြန်လာပြီလို့ သူမကိုပြောခဲ့တယ်။

ကုကော်အန်းက တစ်ပတ်လောက် အလုပ်ကိစ္စနဲ့ ခရီးထွက်နေခဲ့တာ။ ကုမျန်အိမ်ပြန်လာပြီဆိုတာကို သိပြီးနောက် သူ့ရဲ့ခုနစ်ရက်စာအလုပ်ကို ငါးရက်အဖြစ်လျှော့ကာ တစ်ညလုံး အပြေးအလွှားပြန်လာခဲ့တယ်။

ကုမျန် ရေချိုးပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။ သူမ ပထမဆုံးမြင်လိုက်ရတာက ဖုန်တွေဖုံးလွှမ်းနေတဲ့ ကုကော်အန်းဖြစ်တယ်။ တစ်နှစ်ပတ်လုံး အလုပ်တွေရှုပ်နေရတာကြောင့် ဖြစ်နိုင်တယ်၊သူ့ကိုကြည့်ရတာ သူ့ရဲ့ဖြစ်သင့်တဲ့အသက်အရွယ်ထက် အနည်းငယ်ပိုကြီးနေပုံရပြီး ဆံပင်တိုတိုနဲ့ပင်။ ကုမျန်ကိုမြင်သွားတဲ့အခါ နူးညံ့ညင်သာတဲ့ အပြုံးတစ်ပွင့်က သူ့မျက်နှာပေါ်, ဖြစ်ပေါ်လာတယ်။ "မျန်းမျန်"

ကုမျန်က အောက်ထပ်ကိုရောက်လာတဲ့အခါ ခေတ္တရပ်လိုက်တယ်။"ဖေဖေ"

အဲဒါကိုကြားတော့ ကုကော်အန်းရဲ့မျက်နှာပေါ်က အပြုံးက ပိုသိသာလာတယ်။ "သမီး မနက်စာ မစားရသေးဘူးမလား။ လာ၊ ဖေဖေနဲ့ အတူလာစား"

မနက်စာစားနေတဲ့အချိန်အတွင်း ကုကော်အန်းက ကုမျန်ရဲ့အလုပ်နဲ့ဘဝအတွက် တစ်လျှောက်လုံးပူပန်နေခဲ့ပြီး ရုပ်ရှင်ရိုက်ရတာက ပင်ပန်းလား၊ ထမင်းကောင်းကောင်းစားရလား၊ အဖွဲ့သားတွေနဲ့ အဆင်ပြေရဲ့လားလို့ မေးမြန်းနေတယ်။

ကုမျန်က အဲ့ဒါတွေကို တစ်ခုပြီးတစ်ခု ပြန်ဖြေတယ်။

သူ သူမကိုမမေးခင်မှာ သူမရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သူ့မှာယေဘုယျအတွေးတစ်ခု ရှိပြီးသားပင်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now