Chapter 96

519 71 0
                                    

Unicode

လော့ချယ် အချိန်ကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ ထိုးခါနီးနေပြီ။ သူက ခေါင်းငုံ့ပြီး ကုမျန်ကို ပြောလိုက်တယ်။"နောက်ကျနေပြီ၊ ပြန်အိပ်တော့"

ကုမျန် "အင်း"

အခုလေးတင် ပြောခဲ့ကြတဲ့စကား၀ိုင်းပြီးနောက် လော့ချယ်ကို နည်းနည်းပိုသိလာပြီလို့ ကုမျန်ခံစားရတယ်။

တကယ်ကို သူက ချစ်ခြင်းမေတ္တာနဲ့ တရားမျှတမှု ရှိတဲ့သူပဲ။ သူ လင်ချန်အန်းကို ဘာမှ အကြွေးမတင်နေဘူး။ လင်ချန်အန်းက သူ့ကို ဒုက္ခပေးပေမယ့် သူက သူ့ရဲ့အရင်ခင်မင်မှုကို ထောက်ထားပြီး မနင်းခြေခဲ့ဘူး။

နောက်ဆုံးမှာ သူက သူတို့ကြားရှိ မကျေနပ်ချက်တွေကို ဖြေရှင်းဖို့ အသိမ်မွေ့ဆုံးနည်းလမ်းကိုသာ ရွေးချယ်ခဲ့တယ်။

လော့ချယ်ရဲ့ဖခင်က မူလပိုင်ရှင်ကြောင့် စိတ်မကောင်းဖြစ်ပြီး မဆုံးပါးသွားခဲ့ရင် မူလပိုင်ရှင်ရဲ့အဆုံးသတ်က ကြေကွဲစရာကောင်းမှာမဟုတ်တာ သေချာသလောက်ပေ။

ကုမျန်က တစ်ခုခုကို တွေးမိသွားတယ်။ "..သူ ရှင့်ကို ဒုက္ခပေးချင်နေသေးရင် ရှင်ဘာလုပ်မှာလဲ" ။ သူတို့ရဲ့ လက်ရှိအဆင့်အတန်းအရဆို လင်ချန်အန်းက လော့ချယ်ကို အများကြီးဒုက္ခပေးဖို့ မဖြစ်နိုင်ပေမယ့် ကုမျန်က သိချင်နေခဲ့တယ်။

လော့ချယ်က သူ့မျက်၀န်းတွေကို အောက်စိုက်ပြီး ကုမျန်ကိုကြည့်လိုက်ရင်း "ကိုယ် ဘာလုပ်ရမလဲ?"

သူနဲ့ လင်ချန်အန်းရဲ့ကြားက ညီအစ်ကိုခင်မင်ရင်းနှီးမှုက ပြီးဆုံးသွားခဲ့ပြီ။ နောင်မှာ နှစ်ယောက်သားက ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်။

တစ်ဖက်လူသာ လှည့်ကွက်တွေ ထပ်ကစားလာရင်တော့ သူ သနားညှာတာဖို့ အစီအစဉ်မရှိပါဘူး။

ထိုအဖြေက ကုမျန်ရဲ့မျှော်မှန်းချက်ထဲမှာ ရှိနေတယ်။

နောက်ဆုံးမှာတော့၊ လော့ချယ်ကသာ နစ်နာခဲ့တဲ့သူပဲလေ။

အပြန်လမ်းက အရမ်းတိုတောင်းပြီး သူမတို့အတွက် လမ်းလျှောက်ဖို့ သိပ်မကြာလိုက်ပေ။ ကုမျန်က တဲကိုပြန်လာပြီးနောက်၊ ဒီနှစ်တွေအတွင်း ဖျော်ဖြေရေးနယ်ပယ်ထဲမှာ သူငယ်ချင်းမရှိတာက လင်ချန်အန်းကြောင့်လား၊ မဟုတ်ဘူးလားဆိုတာကိုတောင် သူ့ကိုမမေးလိုက်ရဘူးဆိုတာ သူမ မှတ်မိသွားတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now