Chapter 102

514 78 0
                                    

Unicode

လော့ချယ်က သားရေကုလားထိုင်ပေါ် ပျင်းရိစွာ လှဲလျောင်းနေပြီး အဖွဲ့ခေါင်းဆောင်ကနေ ပို့လာတဲ့ 'သကြားလုံးအချိုလေးတွေ 'ဆိုတဲ့ စကားလုံးကိုကြည့်ကာ ခဏလောက် စဉ်းစားနေခဲ့တယ်။

အပြင်လူတွေရဲ့အမြင်မှာ၊ကုမျန်နဲ့တူညီတဲ့အကွက်အတွင်းမှာရှိနေတဲ့ သူ့အခန်းတွေက အရမ်းချိုမြိန်နေပုံရတယ်။

[ဟားဟားဟား၊ အဲဒါကို နင်တို့မြင်လား လှေပေါ်မှာတုန်းကဆို ချယ်ချယ်ရဲ့ပေါင်က မျန်းမျန်ရဲ့ပေါင်ကို ခနခနသွားထိနေတာလေ! မျန်းမျန်ရှေ့မှာ သူ တမင်တကာ (သူ့ခြေတံရှည်တွေကို)ကြွားနေတာလို့ ငါခံစားရတယ်]

လော့ချယ် မျက်ခုံးအသာအယာပင့်လိုက်တယ်။ ဒီပရိတ်သတ်က အရမ်းတော်တယ်။ အဲ့တစ်ယောက်က တကယ်ကြီး သူ့ကို အများကြီးနားလည်တယ်။

[မျန်းမျန်နဲ့သူက တူညီတဲ့ ဦးနှောက်လှိုင်းထဲမှာ မရှိတာတော့ ဝမ်းနည်းစရာပဲ၊ ဟားဟားဟား။

ချယ်ချယ် OS- ငါ့ကိုကြည့်၊ ငါ့ကိုကြည့်၊ ငါ့ကို မြန်မြန်လေးကြည့်လိုက်

မျန်းမျန် OS: ဘာလဲ? ဘာဖြစ်တာလဲ?] (OS: လည်ပတ်မှုစနစ်)

လော့ချယ်က သူ့မေးစေ့ကို လက်တစ်ဖက်နဲ့ကိုင်လိုက်ပြီး နှုတ်ခမ်းတွေ တွန့်သွားတယ်။ ပရိသတ်တွေရဲ့ ဦးနှောက်အားဖြည့်တင်းမှု (ဇာတ်လမ်းတွေဖန်တီးခြင်း)ကြောင့်ဖြစ်လာတဲ့ စိတ်အားတက်ကြွမှုတွေက ထိုအချိန်တုန်းက အခြေအနေနဲ့ ကွက်တိကျနေတယ်။

[ဒါကိုကြည့်လိုက် ခေါက်ဆွဲပြုတ်နေတုန်းက မမလေးမျန်းမျန်ရဲ့ဆံပင်က သူမရှေ့ကို ပြိုကျလာတယ်လေ ချယ်ချယ်ရဲ့အမူအရာကိုပြန်ကြည့်လိုက် သူမရဲ့ဆံပင်တွေ ပြန်ဖြီးသင်ဖို့ သူကူညီပေးချင်နေတာ]

လော့ချယ်ရဲ့မက်မွန်ပွင့်လိုမျက်၀န်းတွေက သိသိသာသာ အံ့အားသင့်သွားတယ် ။ ပရိတ်သတ်တွေက ဒီလောက် အစွမ်းထက်တာလား။ လှုပ်ရှားနေတဲ့ပုံလေးတစ်ပုံတည်းနဲ့ သူဘာလုပ်ချင်လဲဆိုတာကိုတောင် သူတို့ခန့်မှန်းနိုင်ကြတာလား။

ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ထုတ်လွှင့်ပြသပြီးနောက်မှာ ကုမျန်ကို ဒုက္ခဖြစ်စေမှာစိုးတာကြောင့် သူ့လက်ချောင်းတွေက အနည်းငယ် ယားယံနေပေမယ့်လည်း နောက်ဆုံးမှာတော့ သူက သူ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားပြီး အဲ့လိုမလုပ်ဆောင်ခဲ့ပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now