Chapter 91

458 84 0
                                    

Unicode

ကုမျန်က အဖွားအိုနဲ့ မီးဖိုချောင်ထဲ လိုက်သွားပြီး ရှောင်ဟူလည်းပဲ ကမန်းကတန်းလိုက်သွားခဲ့တယ်။

အဘွားအိုက သကြားလုံးမစားခဲ့ပဲ သကြားလုံးက နောက်ဆုံးမှာ ရှောင်ဟူရဲ့ဗိုက်ထဲကို ဝင်သွားတယ်။

ရှောင်ဟူက ကုမျန်ရဲ့နောက်ကို စိတ်အားထက်သန်စွာနဲ့ လိုက်သွားပြီး"ကျဲကျဲ၊ ဒီသကြားလုံးက အရသာရှိတယ်"

ခဏအကြာမှာ ကုမျန်ရဲ့ပုံပန်းသဏ္ဍာန်က အပြင်ဘက်ရှိ လူအုပ်ရဲ့အမြင်အာရုံထဲကနေ ပျောက်သွားခဲ့တယ်။

နဉ်နဉ်နဲ့အခြားသူတွေက ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ပြီး အံ့အားသင့်စွာနဲ့ မတ်တပ်ရပ်နေကြတယ်။

နဥ်နဥ်က စိတ်ရှုပ်ထွေးနေတဲ့မျက်နှာနဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး“ဟေး မဟုတ်သေးပါဘူး နင်တို့…”

အစပိုင်းမှာတော့ လော့ချယ်တို့အဖွဲ့က ဒီမိသားစုနဲ့အတူ တိုက်ရိုက်စားသောက်နိုင်ပြီး ဒါက ပရိုဂရမ်အဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့ ကွဲလွဲနေတာမို့ လင်ချန်အန်းနဲ့ ကင်မရာမင်းနှစ်ယောက်စလုံးက ထင်မြင်ချက်တွေ ပေးခဲ့ကြတယ်။ ဒါပေမယ့် ကုမျန်က အရမ်းကိုတဲ့တိုးလုပ်လိုက်မယ်လို့ သူတို့မမျှော်လင့်ထားဘူး။ သူမက သူတို့လိုအပ်သမျှအရာအတွက် သကြားလုံးကို လဲလှယ်အသုံးပြုခဲ့တယ်။

တကယ်တော့၊ သူတို့ အခု‌လေးတင် ဘာမှတ်ချက်ပေးလိုက်တာဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ဒါက တခြားသူတွေနဲ့ သိပ်မကွာခြားသွားဘူးလေ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တာ၀န်ပြီးမြောက်တဲ့ ပထမဆုံးသောအဖွဲ့ဖြစ်နေဆဲပင်။

နဉ်နဉ်က ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ကုမျန်က ရွာသူရွာသားတွေရဲ့ မီးဖိုချောင်ထဲ ဝင်လိုက်ထွက်လိုက်လုပ်နေပြီး သူတို့ရဲ့မီးဖို၊ ဆီ၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်နဲ့ ဟင်းသီးဟင်းရွက်တွေကို အလိုရှိသလို အသုံးပြုနေပြီဖြစ်တယ်။

ဒီလိုသိသာထင်ရှားတဲ့ ကွာဟချက်က လိုက်မှီဖို့ လုံးဝမဖြစ်နိုင်တော့ဘူးလို့ သူတို့ကို ထင်မြင်စေတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now